ရှဲ့ဟယ်က ချူရှင်းကို နံနက်ခင်းညီလာခံတက်ပေးဖို့လိုသေးလားလဲ ထပ်မေးတယ်...ချူရှင်းက မလိုတော့ဘူးလို့ ပြန်​ဖြေလိုက်တော့ ထပ်မမေးတော့ဘဲ လိမ်လိမ်မာမာနေနေခဲ့တယ်....

အစားအသောက် ကောင်းကောင်းမစားရတာတစ်ခုကလွဲရင် ရှဲ့ဟယ်အတွက် အကုန်အဆင်ပြေနေခဲ့ပါတယ်.....ဒါ့ကြောင့် အစားကောင်းကောင်း စားရဖို့ စရိုက်ထပ်ပြောင်းလိုက်မလားတောင် တွေးနေခဲ့မိတယ်...ဘာပဲဖြစ်ဖြစ် ရှဲ့ဟယ် အကောင်းဆုံးသရုပ်ဆောင်နေခဲ့ပါတယ်....

တစ်နေ့မှာတော့ ချူရှင်း ရုတ်တရက် ဉာဏ်အလင်းပွင့်သွားခဲ့တယ်......

အဲ့နေ့တုန်းက ချူရှင်း ရှဲ့ဟယ်ကို ကျောက်တုံးဉယျာဉ်နောက်ဘက်ဆီ လျှို့ဝှက်စွာ ခေါ်ဆောင်သွားခဲ့တယ်.....

လူသူလေးပါးရှင်းနေတာ သေချာပြီဆိုတာနဲ့ ချူရှင်းက ဆီစိမ်စက္ကူနဲ့ထုပ်ထိုးထားတဲ့ အထုပ်တစ်ထုပ်ကို ရှဲ့ဟယ်ဆီ ပေးခဲ့တယ်....အဲ့အထုပ်ထဲမှာ ပါတဲ့ ဘဲကင်တစ်ခြမ်းကြောင့် တစ်ချိန်လုံး ဆီမပါ ပျားမပါစားသောက်နေခဲ့တဲ့ရတဲ့ ရှဲ့ဟယ် ခင်မျာ သရေမကျမိအောင် ထိန်းထားခဲ့ရတယ်....

သူတို့နှစ်ယောက်အဖြစ်က သူလျှိုတွေ လိုဖြစ်နေတယ်....ချူရှင်းက ရှဲ့ဟယ်ကို အသံတိုးတိုးနဲ့......

"စားလိုက်ပါ ကျွန်တော်မျိုး မင်းကြီးအတွက် ဘယ်သူမှမသိအောင် တိတ်တိတ်လေးယူလာပေးတာ...."

ချူရှင်း အကုန်လုံးကို ပထုတ်ထားတာကြောင့် ရှဲ့ဟယ် ကြည့်လိုက်တဲ့အချိန်မှာ ဘယ်သူမှရှိမနေကြဘူး....ဒါပေမယ့်လည်း သတိကြီးတဲ့ ရှဲ့ဟယ်က သေချာအောင် ခဏလောက် စောင့်ကြည့်နေပြီးမှာ ဘဲကင်ကို အားရပါးရကိုက်ချလိုက်တော့တယ်....

တကယ်ဆို ရှဲ့ဟယ် ဒီလောက်ထိ အစားမမက်ပေမယ့် ဆီမပါ ပျားမပါတွေ စားနေရတာ ကြာပြီဖြစ်တာကြောင့် အ​တော်လေး ငတ်ပြတ်နေရှာတယ်.....

ချူရှင်း ရှဲ့ဟယ်ကို လေးလေးနက်နက် ငေးကြည့်နေခဲ့မိတယ်....ဒါဟာ ဘဲကင်လေးတစ်ခြမ်းပါပဲ...ဒါပေမယ့် မင်းကြီးကနတ်သုဒ္ဓါသဖွယ် အားရပါးရစားသောက်နေရှာတယ်.....

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာOnde as histórias ganham vida. Descobre agora