"စကားတွေအများကြီးမပြောနဲ့!!
မင်း ဒဏ်ရာကသွေးတွေအများကြီးထွက်နေပြီ"

"ပြောရမယ် ဒီမျက်နှာလေးကိုစက္ကန့်အနည်းငယ်အတွင်းမှာကျွန်တော်လက်လွှတ်ရတော့မှာ
ချစ်တယ် အခုထိလည်းချစ်နေတုန်းပါ
အစ်ကို့အငွေ့အသက်လေးတွေသိမ်းထားချင်တယ်"

"ဘာဖြစ်လို့ ဘာဖြစ်လို့လဲ
ငါ့လိုလူကိုမင်းကဘာလို့ဒီလောက်တောင်..."

"မငိုနဲ့ မငိုပါနဲ့အစ်ကိုရယ်
ငိုရင်မျက်လုံးတွေနာနေလိမ့်မယ်
မငိုပါနဲ့ဗျာ..."

သွေးတွေပေနေတဲ့လက်တစ်ဖက်ကမျက်နှာကိုဖွဖွလေးလာကိုင်သည်။မငိုပါနဲ့ပြောပေမယ့်မျက်ရည်တွေကတလဟောစီးကျနေတုန်းပဲ။
ကျည်ဆန်တွေဆက်မရောက်လာခဲ့တော့ပေမယ့်ဝိန်းကကြမ်းပြင်ပေါ်ကိုလဲကျသွားသည်။
သူ့ရဲ့မျက်ရည်တစ်စက်ကလည်းပါးပြင်ကိုဖြတ်သန်းကာကြမ်းပြင်ပေါ်ကိုပေါက်ခနဲကျသွားသည်။

"ကျွန်တော့်ကိုချစ်သေးလား"

သေနတ်ဒဏ်ရာဗလပွကြားထဲကမျက်လုံးအဝိုင်းသားနဲ့မေးလာတဲ့စကား။ရင်ဘတ်ထဲကဆစ်ခနဲနာသွားသည်။
ဝိန်းရဲ့မျက်လုံးတွေကသူငြင်းလိုက်မှာကိုအသက်သေမှာထက်ပိုပြီးစိုးရွံ့နေပုံပေါ်သည်။

"မင်းကိုမချစ်ခဲ့တဲ့နေ့တစ်ရက်လေးမှတောင်မရှိခဲ့ပါဘူး
ဝိန်းရယ် အစ်ကိုလေ..."

"ဒီလိုဆိုကျွန်တော်စိတ်အေးသွားပြီ
ချစ်တယ် အစ်ကို
ကျွန်တော့်ကိုအစ်ကိုရဲ့နှလုံးသားလေးထဲအမြဲတမ်းသိမ်းထားပေးပါ"

ဝိန်းကမျက်လွှာလေးများကိုမှိတ်ချသွားသည်။
သူ့ရဲ့လက်ကလေးများကိုဝိန်းရဲ့လက်များကသေချာဆုပ်ကိုင်ထားသည်။ပြုံးယောင်သမ်းသွားသောနှုတ်ခမ်းသည်လည်းမည်သို့သောစကားသံမျိုးမှထွက်မလာခဲ့တော့ပါ။

"ဝိန်း!! ဝိန်း!! အစ်ကိုခေါ်နေတာကိုကြားလား"

"သောမတ်စ်ဝိန်း ပြန်ဖြေလေ!!"

"မင်းငါ့ကိုဒီလိုတစ်ယောက်တည်းထားခဲ့လို့မရဘူး!!
ငါပြောနေတယ် ပြန်ဖြေလို့!!"

"ဝိန်းးးး!!"

အားမရှိတော့တဲ့လက်တွေကအဖြေပဲ။
တဖြည်းဖြည်းနဲ့ကုတ်အင်္ကျီပေါ်ကိုစွန်းထင်းလာတဲ့ဝိန်းရဲ့သွေးတွေကရော။

Two Men In One Look (Completed)Where stories live. Discover now