"အော...ဟိုဆော့ဟျောင်း 2nd ဆောင်ဘက်ကိုဘာလာလုပ်တာတုန်း။"

"ဒါက...အာ ဒီအတိုင်း ဟျောင်းစာကြည့်နေတာကို ဆော့ဂျင်ဟျောင်းလိုက်ရှုပ်နေလို့။အဲ့ဒါ 2nd ဆောင်ဘက်ကနားအေးတယ်လေ အဲ့ဒါကြောင့်ဟျောင်းလာထိုင်နေတာ။အခုမှရောက်တာလား။"

"ဟုတ်ဟျောင်း...ဒါဆိုကျွန်တော် အတန်းချိန်ရှိသေးလို့ အတန်းထဲဝင်တော့မယ်နော်။"

"အင်း~"

ဟိုဆော့ မနက်ကတည်းကအတန်းတက်နေတုန်း စိတ်တွေက 2nd ဆောင်ဘက်ကိုပဲရောက်နေတာကြောင့် ထွက်လာခဲ့လိုက်သည်။ခုံတန်းလေးမှာ စာအုပ်ကလေးကိုင်ရင်းမျက်လုံးကစားကြည့်လိုက်တော့ ထင်တဲ့အတိုင်းမျက်နှာလေးညိုးငယ်စွာနဲ့လျှောက်လာတဲ့ ကောင်ငယ်လေး။
ကျောင်း uniform coat အင်္ကျီကိုကြယ်သီးမတပ်ထားပေမယ့် ချပ်ချပ်ရပ်ရပ်ခန္ဓာကိုယ်လေးက ကြည့်ကောင်းသည်။သို့ပေမယ့် ဒါလေးကရည်းစားကထားသွားတာကြောင့် လောလောလတ်လတ်မှအသည်းကွဲထားတာမဟုတ်လား။သူ့ကိုမြင်တော့ အနားကိုလျှောက်လာပြီး လာနှုတ်ဆက်သေးသည်။အမှန်တော့ ကိုယ့်သဘောနဲ့ကိုယ်လာထိုင်တာဆိုပေမယ့် ပါးစပ်ထဲရှိရာလျှောက်ပြောရင်း ဆော့ဂျင်ဟျောင်းကိုအပြစ်တင်လိုက်သည်။သူ့ကိုတွေ့တော့ရယ်ရယ်မောမောနှုတ်ဆက်ပြီး အတန်းထဲကိုဝင်သွားတဲ့အထိစာအုပ်လေးကိုင်ရင်း မသိမသာလိုက်ကြည့်နေလိုက်သည်။

'အင်း~ သူလေးကိုအရင်တုန်းကလို ပြန်ပျော်ရွှင်စေချင်တယ်'
.
.
.
.
.
နေ့လည်စာ ထမင်းစားချိန်မှအခန်းထဲကထွက်လာသောသူတို့နှစ်ယောက်ကို မာမီတို့ကပြုံးစိစိဖြင့်ဝိုင်းကြည့်နေကြသည်။ဘေးနားက အယုတ်တမာလေးကတော့ အမြန်ပင်ထမင်းစားခန်းထဲဝင်သွားပြီး ကိုယ့်နေရာကိုယ်ထိုင်နေသည်။
သူကတော့ လမ်းလျှောက်တိုင်း ခံရခက်တဲ့နာကျင်မှုကြီးမို့လို့ တဖြည်းဖြည်းသာလျှောက်နေရသည်။

"အာရီဂူး~ နှစ်ယောက်သားကျောင်းလည်းမသွားကြဘဲ အခန်းအောင်းနေကြတာပဲ။အဟင်းဟင်း...မာမီက နေ့လည်စာလာစားမယ်လို့တောင်မထင်ထားတာ။"

"မာမီ!"

"ရှင်~ မာမီ့အသည်းလေး"

ဂျောင်ဂုမိဘတွေလည်းရှိနေတာကို ရွှတ်နောက်နောက်စကားတွေပြောနေတဲ့ မာမီ့ကိုထယ်ယောင်းခပ်ဆောင့်ဆောင့်အသံလေးနဲ့အော်လိုက်တော့ အားလုံးကသဘောကျစွာရယ်ကြသည်။ဟိုအယုတ်တမာလေးကတော့ သူစားစရာရှိတာကိုသာစားသောက်နေသည်။
ကျစ်...အမြင်ကတ်စရာကောင်းလိုက်တာ။

Be You, For Me [completed]Where stories live. Discover now