"ဟာသတွေပြောနေတာလား။မင်းကိုငါ့ခန္ဓာကိုယ်ပေးအလုပ်ခံလိုက်ရုံနဲ့ ကြည်ဖြူတယ်လို့ထင်နေတာလား။င့ါမှာ ငြင်းဆန်ဖို့အခွင့်အရေးမရှိတော့ဘူးလေ။လက်ထပ်ပြီးသားလူနှစ်ယောက်ဆိုတဲ့ ခေါင်းစဥ်အောက်မှာ ဒီအိပ်ယာပေါ်ကကိစ္စကလည်း မပါမဖြစ်ပဲမလား။အဲ့တော့ အထူးအဆန်းလုပ်မနေတော့ဘူးလေ။"

"အိုး...မင်းကစိတ်ပြောင်းဖို့တစ်ကယ်အစီအစဥ်မရှိဘူးပဲ။ထားပါ ဒါပေမယ့်ငါက ငါ့ကတိငါတယ်တာမို့ အဲ့လိုအိပ်ယာပေါ်ကကိစ္စလုပ်တိုင်း နောက်ပိုင်းတွေမင်းကိုငါ ညှာနေမှာမဟုတ်ဘူးဆိုတာပါ မှတ်ထားပေး။အေး...ပြီးတော့ ပြောလိုက်ဦးမယ် မင်းထပ်မျှော်လင့်နေတဲ့အကောင်ကိုငါက ဟိုတစ်ခေါက်ကတည်းကမှတ်လောက်သားလောက်ဖြစ်အောင်လုပ်ထားတာမို့ ထပ်ပြီးငါ့ရှေ့နှစ်ယောက်တွဲမြင်ရကြည့် ငါ့အဆိုးမဆိုနဲ့! ပြီးတော့ မင်းကငါ့အတွက်ပဲဆိုတာ မြဲမြဲမှတ်ထား!!"

ထယ်ယောင်းလှဲနေရာကနေ ထထိုင်ပြီး ရေချိုးခန်းထဲဝင်သွားသောဂျောင်ဂုကိုအော်ပြောလိုက်သည်။

"မင်းစကားကိုဗလောင်းဗလဲမပြောနဲ့ လူယုတ်မာကောင်ရဲ့!!"

သူပြောတာကို ဂျောင်ဂုကလက်ညိုးနဲ့လက်မကို ok sign လုပ်ပြကာရေချိုးခန်းတံခါးကိုပိတ်လိုက်သည်။ထယ်ယောင်း ထိုအခါမှစောင်ကိုဆွဲဖယ် ကုတင်အောက်ကိုချလိုက်သည်။အိပ်ယာခင်းက လဲရတော့မည်မလား အနံ့အသက်ကလည်းသိပ်မကောင်းချင်။ကုတင်အောက်က သူ့ဘောင်းဘီလေးကို ပြန်ကောက်ဝတ်လိုက်သည်။လူကအောက်ပိုင်းနည်းနည်းလှုပ်ရှားတာနဲ့ အသည်းခိုက်အောင်ကျိန်းစက်နာကျင်နေတာကြောင့် လမ်းလျှောက်လို့သိပ်မကောင်း။
ထိုအယုတ်တမာလေးက ညကသူ့အတွင်းထဲမှာချည်းပြီးတာမို့ ဗိုက်ထဲအီလည်လည်ကြီးဖြင့် ခေါင်းတွေပါကိုက်ခဲနေသည်။တစ်ကယ်ပါ အလျော့ပေးလို့ကတော့ အဲ့အယုတ်တမာလေးက သူ့ကိုမစားမသောက်များလုပ်ဖို့အစီအစဥ်ရှိလားမသိဘူး။

~~~~~

ဂျီမင်းကျောင်းရောက်တော့ ထိုအတန်းရှေ့မရောက်အောင် ကိုယ့်ကိုယ်ကိုထိန်းရင်း ကိုယ့်အဆောင်ဘက်ကိုယ်လျှောက်လာတော့ သူ့အတန်းရှေ့ခုံတန်းလေးပေါ်မှာထိုင်ကာစာအုပ်ဖတ်နေသော ဟိုဆော့ဟျောင်းကိုတွေ့လိုက်ရသည်။

Be You, For Me [completed]Where stories live. Discover now