chapter-15

4.2K 328 15
                                    

ထယ်ယောင်းအိပ်မောကျနေတာကို ဘေးတစ်စောင်းအနေအထားဖြင့်ငေးကြည့်နေတာက ဂျောင်ဂု။နှစ်ယောက်စလုံးက အဝတ်ဗလာဖြင့်အခုထိ စောင်အောက်ကမထရသေးတာမို့ ချွေးတွေဖြင့်စေးကပ်ကပ်နေသည်။နှစ်ယောက်သား ချိတ်ဆက်ထားသော အောက်ပိုင်းကိုတော့ ဂျောင်ဂုဖြုတ်ပေးလိုက်တာမို့ ထယ်ယောင်းကဘေးတစ်စောင်းလေးအိပ်ပျော်နေခြင်း။

"ယောင်း~မင်းက ကြည့်လေ အသည်းယားစရာကောင်းလေ သိလား!"

အိပ်နေသောသူလေးအား ဆံပင်လေးတွေသပ်တင်ပေးလိုက်သည်။သူအတင်းကိုက်ဖဲ့ထားသည့် ဟိုတစ်ကွက်၊ဒီတစ်ကွက် အနီရောင်အကွက်တွေကတော့ ပွစာကြဲလို့နေသည်။နှုတ်ခမ်းလေးတွေကလည်းဖူးယောင်နေတာသူ့လက်ချက်ဆိုတာ ပြေးကြည့်စရာပင်မလို။
ခေါင်းရင်းမှာတင်ထားတဲ့ နာရီကိုကြည့်လိုက်တော့ 11:47 AM ဖြစ်နေပြီဖြစ်သည်။ဒီနေ့နှစ်ယောက်စလုံးကျောင်းမသွားသလို အခန်းထဲကလည်းထွက်ဖို့အစီအစဥ်မရှိ။ထယ်ယောင်းကိုဒီနေ့ သူနဲ့တစ်သားတည်းဖြစ်အောင်လေ့ကျင့်ပေးရမည်။
ဂျောင်ဂုကြည့်ရင်း ကလိချင်လာတာကြောင့်...အိပ်နေသောမျက်နှာလေးကို လေနဲ့ဖြည်းဖြည်းလေးမှုတ်ပေးလိုက်တော့ မျက်မှောင်ကြုတ်လာသည်။ပက်လက်လှန်လိုက်တာကြောင့် ခပ်မို့မို့ဖြစ်နေတဲ့ ရင်ဘတ်လေးကိုကြည့်ရင်း သွားယားလာရပြန်သည်။သူလက်ဝါးနဲ့ပွတ်သပ်တော့ သူ့လက်မကိုဆွဲကိုင်လိုက်တာများ နာသွားရသည်။

"အာ့...ဟိတ် ဟိတ် ကိုယ့်လက်မကျိုးသွားမယ်လေကွာ...သေအောင်လုပ်ရလား။"

"မင်း လက်ကငြိမ်ငြိမ်နေလို့လား။ငါ့တစ်ကိုယ်လုံးလည်း မင်းကိုက်ရာတွေချည်းပဲပွစာကြဲနေပြီ။ငါတစ်ညလုံးလည်း အလုပ်ခံရလို့ အားတောင်မရှိတော့ဘူးဆိုတာ မင်းသိလား အယုတ်တမာရဲ့!"

"ဟ! ကိုယ်လည်း ဒူးတွေညောင်းနေတာပဲလေ။"

"ဒီကောင်!"

ဂျောင်ဂု စောင်ကိုဆတ်ခနဲဆွဲလှန်လိုက်တော့ ထယ်ယောင်းက သူ့ကိုယ်သူလက်လေးနဲ့ကာလိုက်သည်။သဘောကျစွာတစ်ချက်ရယ်လိုက်တော့...

"မင်းကသိပ်မုန်းစရာကောင်းတယ် ဂျွန်ဂျောင်ဂု!"

"အင်းပေါ့လေ အခုတော့ ငါကမင်းမုန်းစရာဖြစ်နေမှာပေါ့။နောက်မှ မင်းမုန်းပါတယ်ဆိုတဲ့ကောင်ကို မင်းကိုယ်တိုင်သည်းသည်းလှုပ်ဖြစ်နေလိမ့်မယ်။"

Be You, For Me [completed]Where stories live. Discover now