"ဘယ်သူလဲ သွန်းနေရာမှာ ထည့်ပေးမဲ့တယောက်လား''

"ဟုတ်တယ်''

"ဘယ်သူလည်း''

"နင်သိမှာပါ အသစ်တက်လာတာမကြာသေးတဲ့ တယောပဲ''

"နင် အရူးလား အသစ်တက်လာတဲ့သူတွေကအများကြီးလေ ငါကဘယ်သိမှာလဲ''

"Dko Mai''

"ဟာ....တကယ်ကြီးလား သူနဲ့ဘယ်လိုတွေ ချိတ်ဆက်မိသွားတာလဲ''

မီမီသော် အထူးအဆန်းဖြစ်သွားသည်မှာလည်း တခြားမဟုတ်ဘူး ထိုတစ်ယောက်က မနေ့တနေ့ကမှ gamerဖြစ်လာတာမှန်ပေမဲ့ အထင်သွားသေး၍တော့မရ ထိုသူ၏skillတွေဟာ အလွန်တော်လွန်းသည် အားပေးမှုနဲ့ ပရိတ်သိပ်တွေလည်းအများအပြားရနေတဲ့သူတစ်ယောက်ပင် စတက်လာကထဲက ကြောက်ဖို့ကောင်းလောက်အောင်တော်လွန်းတာကြောင့် ပြိုင်ဘက်မဖြစ်လာရန်တောင် ဆုတောင်းမိသည်အထိပင်

"အေး..ငါလည်းမသိဘူး အစကဆိုအတော်လေးကြောင်သွားတာ ဘာပဲဖစ်ဖစ် ဒါကဆုလာဒ်ပဲ ''

"ဒါပေါ့ဒါပေါ့ ''

"သွားမယ်ဆိုလည်း သွားတော့ မှောင်နေပြီ''

"အေးသွားပြီ''

သွန်းဆက်မြိုင်သည် ကားမောင်းနေပါသော်လည်း အတွေးများမှာ အခြားနေရာသို့ပြန့်လွင့်နေလျက် သူမ၏မျက်နှာဘေးမှာလည်း အတော်လေးခပ်ထန်မာကျောနေလျက်

တီ.......
ဖုန်းမြည်သံနှင့်အတူ မြိုင့်ရဲ့အေးစက်နေသောလေထုများမှာ ရုတ်ခြင်းဆိုသလို လွင့်စင်ထွက်သွားတော့သည်

"ဟယ်လို''

"မမြိုင် ဒီနေ့ဆိုင်ကိုမလာဘူးလား ယွန်းတို့ကမမြိုင်ကိုစောင့်နေတာရယ်''

"ဪ...အင်းယွန်း မမြိုင်ဒီနေ့မလာဖစ်တော့ဘူး ညမတို့ဆိုင်ကို ဒီနေ့စောစောလေးသိမ်းလိုက်လေ နားချိန်ရတာပေါ့''

"ဟာ တကယ်လား ကျေးဇူးပါမမြိုင်''

"ရပါတယ်  ဒါဆိုအမဖုန်းချလိုက်တော့မယ် ကားမောင်းနေလို့''

"ဟုတ်ကဲ့ ဟုတ်ကဲ့''

ခနတာအတွင်းမှာပဲ လေထုဟာပြန်လည် အေးစက်သွားပြန်တော့သည် မြိုင့်ရဲ့အတွေးထဲမှာ နာမည်တခုကို ဆက်တိုက်ရွတ်ဆိုနေမိသည် ထပ်ခါထပ်ခါ..အကြိမ်ကြိမ်..

မြတ်နိုး၍ချစ်ခဲ့ရပါသည် သို့သော်...Where stories live. Discover now