ဧည့်ခန်းထဲရှိ Sofaပေါ်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်နှင့် ဆယ်ကျော်သက်အရွယ်ကောင်ငယ်လေးတစ်ယောက်ထိုင်နေလေပြီး လေထုက တင်းမာနေပုံပင်။မျက်နှာချင်းဆိုင်ဆိုဖာ၌ ခြေထောက်တစ်ဖက်ချိတ်၍ ထိုင်နေသည့်အမျိုးသမီးက လက္ကိုပိုက္လိုက္ကာ...
"ဒီရက်ပိုင်း တစ်ခုခုအဆင်မပြေတာများရှိနေလို့လား"
ရတု ခေါင်းခါပြီး ငြင်းဆန်လိုက်၏။
"ဒါ့ဖြင့် အမှတ်တွေက ဘယ်လိုဖြစ်ရတာလဲ"
"......"
ခဏမျှတိတ်ဆိတ်သွားခဲ့ပြီးနောက် ရတုက မေးလိုက်သည်။
"မေမေ ကျောင်းကို သြားခဲ့တာလား"
"ငါမသွားဘူးဆိုရင်တောင် တကူးတကဖုန်းဆက်လာကြမဲ့လူတွေချည်းပဲ"
ဒါကေတာ့ ဟုတ်သည်။ ရတုအကြောင်းသိဖို့ မေမေက တကူးတက လိုက်မေးနေဖို့မလို။ မေမေက နေရာတိုင်းမှာ အောင်မြင်နေတဲ့ အမျိုးသမီးတစ်ယောက်ပေပဲ။
"အခုရက်ပိုင်း အတန်းချိန်တွေမှာ မင်းစိတ်လွတ်နေတတ်တယ်ဆို။ ပျမ်းမျှအမှတ်က အရင်တစ်ခါကထက် 55မှတ်လျော့သွားတယ်။ အဲ့ထဲမွာ သင်္ချာဘာသာရပ်နဲ့တင် 36မှတ်"
ရတု ဘောင်းဘီစကို ဆုပ်ချေကာ ခေါင်းငုံ့လိုက်မိ၏။ ဤအတောအတွင်း သူ၏ခေါင်းထဲ ခဲဆြဲထားသလို လေးလံကိုက်ခဲနေပြီး ဘာကိုမွ ကောင်းကောင်းမမှတ်ထားနိုင်။ ခဏမွ် အာရုံစိုက်လိုက်သည်နှင့် တဆစ်ဆစ်ကိုက်ခဲလာတတ်သည်။
တစ်ရက်ကို သင်တန်း၆ခုမျှ တက်နေရသဖြင့် IQအလယ်အလတ်လောက်သောရှိသော ရတုအဖို့ သူ၏Limitရောက်နေပြီမှန်း သိသော်လည်း ဖွင့်ဟမပြောရဲ။ အမျိုးသမီးအတွက်တော့ ၎က အရေးမပါသည့် အကြောင်းပြချက်တစ်ခုသာ။
သူ(မ)က ဆက်၍ပြောလာခဲ့သည်။
"မေမေ မင်းအတွက် အကောင်းဆုံးဂိုက်တွေမငှားထားပေးဘူးလား"
"မ မဟုတ်ပါဘူး"
"ကျောင်းဆိုလည်း အဆင့်မြင့်ကျောင်း၊ သင်တန်းဆိုလညိး နာမည်ကြီးပေ့ဆိုတာတွေ ရွေးပေးတယ်။ ဘာအလုပ်မှမခိုင်းဘဲ အစစအရာရာလိုလေသေးမရှိအောင် ထားတယ်။ အခန်းတံခါးပိတ်ပြီး အေးဆေးစာထိုင်လုပ်နေရုံလေးပဲ မဟုတ္ဘူးလား"
YOU ARE READING
Dating With A Vampire Prince(MY CONTROLLER)
VampireThu, Feb2, 2023 အပြိုင်အဆိုင်များသည့် ပတ်ဝန်းကျင်တွင် ကြီးပြင်းလာခဲ့ရသော 'သောရတု'ဟူသည့် သိမ်မွေ့သောကောင်ငယ်လေးဟာ စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်သည့်ဝေဒနါကို စတင်ခံစားလာခဲ့ရသည်။တစ်နေ့တွင် သူသည် စာလုပ်နေစဉ် အချိန်တွင်းမှာပင် သတိလစ္သြားခဲ့၍ ပြန်လည်နိုး...
