"အာ..သခင်မကြီးကနေ့လည်စာပို့ပေးလိုက်ပါတယ်boss..နေ့လည်ကျရင် Bနိုင်ငံက လူတွေနဲ့meetingရှိပါတယ်boss.."

"အဲ့တာပဲမလား ပြီးရင်လစ်တော့.."

"ဟို..ဟို ရန်ကုမ္ပဏီကရန်စုစုက ‌နေ့ခင်းကျရင်သူမလာခဲ့ပါမယ်တဲ့..ခွင့်ပြုပါအုန်းboss"
bossရဲ့စိတ်မရှည်တော့တဲ့အမူအရာကြောင့်လင်းရွယ် မိမိရဲ့ရေခဲတုံးဂုဏ်ပုဒ်တောင်ဂရုမစိုက်နိုင်ဘဲ ထွက်ပြေးလာခဲ့မိတယ်
"တော်သေးတာပေါ့အသက်ပြန်ပါလာသေးလို့ ဟူးး bossကကြောက်စရာကြီး"

.....

"ကိုကို ယွမ်လေးဗိုက်ဆာတယ်.."

"ကိုကို့ကလေးလေးကဗိုက်ဆာနေပြီလား ဘာစားချင်လဲ.."

"မားမားပို့လိုက်တဲ့ဟာပဲစားကြမယ်လေ..."

"ကောင်းပါပြီ ဗျာ..."

ချင်းယွမ် အစားစားနေတုန်းသူ့ပဲထိုင်ကြည့်နေတဲ့လူကြီးကြောင့်စားရတာမဝင်တော့
'မဝင်လို့ပဲ ဝင်များသားဝင်ရင် ပန်းကန်တွေပါဝါးစားမလားပဲ...'

'ဟေ့ကောင် ဖောလ်အတင်းတုပ်မနေနဲ့..'

"အဟင်း ကိုကိုလည်းစားလေ.."

"တော်ပါပြီ ကိုကိုဝပြီ...ကိုကိုmeetingသွားလိုက်အုန်းမယ်နော်..တစ်ခုခုဆိုအပြင်မှာလင်းရွယ်ရှိတယ် ခေါ်လိုက်နော်..."

မိမိနဖူးအားခပ်ဖွဖွနမ်းပြီးထွက်သွားသောထိုလူကြောင့် ချင်းယွမ်တစ်ယောက်ရင်ခုန်လျှက်
'အမ် ငါကဘာလို့ရင်ခုန်ရမှာလဲ..ဗိုက်မဝသေးလို့နေမှာပါ..ဟုတ်တယ် ဆက်စားလိုက်အုန်းမယ်.'
သူ့ဘာသူပြောပြီးသူ့ဘာသူအတင်းငြင်းနေတဲ့hostကြောင့် ဖောလ်လေးခေါင်းသာ‌ခါမိတယ်
*ငါ့hostကသောက်ရူး အတိတ်မေ့ပြီးထဲကကြောင်တောင်တောင်နဲ့*

.....

"အဲ့တာဆို ပူးပေါင်းမှုအဆင်ပြေတယ်လို့ပဲမှတ်လိုက်ပြီနော်.."

"အင်း"

"ရှောင်မင် နင်ပြန်ရင်ငါ့ကိုလမ်းကြုံခေါ်စမ်းပါဟယ်.."

"စုစု ငါမအားဘူးဟ နင့်ဘာနင်ပျင်းနေလဲ လင်းရွယ်ခေါ်သွားဟာ..."

"ဟွန့် အဲ့ရေခဲတုန်းက ပိုပျင်းဖို့ကောင်းတယ်ဟဲ့.."

သူတို့စကားပြောရင်းနဲ့ရုံခန်းထဲကိုဝင်လာတော့အသံချိုချိုလေးတစ်ခုကိုကြားလိုက်ရတယ်
"ကိုကို အလုပ်ပြီးပြီလားယွမ်လေးပြန်ချင်နေပြီလို့.."
ချင်းယွမ် ကိုကိုတစ်ယောက်ထဲမှတ်လို့ စကားပြောနေတုန်း နောက်ကဝင်လာတဲ့မိန်းကလေးတစ်ယောက်ကြောင့် အူတူတူလေးဖြစ်သွားရတယ်..
"ဟင်ဧည့်သည်ပါလာတာလား ကိုကို.."

System 0461 [Uni&Zaw]Where stories live. Discover now