အပိုင်း ၄၁၃+၄၁၄

Start from the beginning
                                    

'ဒီလိုအခြေအနေတွေတောင်ရောက်လာပြီကို သူမက ကောင်ချောလေးတွေကို ချီးမွမ်းခန်းဖွင့်ဖို့ စိတ်ဆန္ဒရှိနေတုန်းပဲပေါ့?'

အချိန်ကြာနေပြီဖြစ်တာတောင် သူ့ရဲ့အငယ်ဆုံးသမီးက ဘာတုံ့ပြန်ချက်မှ မပေးတော့ ယွီဟိုင်က လျန်ငါးရာနဲ့ညီမျှတဲ့ ငွေစက္ကူကို သူ့အင်္ကျီလက်ထဲကနေ ထုတ်လိုက်ပြီး အထိန်းတော်ခေါင်းဆောင်စူးကို ခပ်ရွံ့ရွံ့လေး လက်ဆောင်ပေးလိုက်ကာ အထစ်ထစ်အငေါ့ငေါ့ပြောသည်။

"အ...အထိန်းတော်စူး ဒါကျွန်တော့ရဲ့ ကျေးဇူးပြုမှုသေးသေးလေးပါ..."

စူးရန်က ဆောက်လက်စ ယွီမိသားစုအိမ်ဆောင်ကို တစ်ချက်ကြည့်လိုက်သည်။ သူက ယွီဟိုင်လက်ထဲက ငွေစက္ကူကို မယူဘဲ သူတို့ကို နွေဦးလေပြေလေး ဖြန်းပက်ပေးလိုက်သလို နွေးထွေးစွာပြုံးပြရင်း

"သခင်ယွီ အရမ်းယဉ်ကျေးနေဖို့ မလိုပါဘူးဗျာ..."

ယွီဟိုင်က သူ့ငွေစက္ကူကို ပြန်ပဲယူထားလိုက်ရမလား မယူထားလိုက်ရမလား ဆိုတာ ဇဝေဇဝါ ဖြစ်နေမိသည်။

'အထိန်းတော်ခေါင်းဆောင်အတွက် ငါထည့်ထားတဲ့ ငွေပမာဏက နည်းများ နည်းနေလို့လား? သူက ဘုရင်မင်းမြတ်ရဲ့ အားအထားရဆုံး အထိန်းတော်ဆိုတော့ အဲ့ဒါဖြစ်နိုင်တယ်... လူ့အသိုင်းအဝိုင်းရဲ့ ဘယ်လို ကဏ္ဍတွေကိုများ သူ မမြင်ဖူးတာ ရှိမှာလဲ? အိမ်တော်ထိန်းလိုလူက ဘယ်လိုလုပ် တို့မိသားစုဆီက ငွေလျန်ငါးရာလောက်ကို ဂရုစိုက်နေမှာလဲ? အိမ်း... ငါ ငွေစက္ကူနှစ်ရွက်လောက် ထုတ်ပေးလိုက်သင့်တာ'

ယွီဟိုင်က အလွန်ကို နောင်တရနေလေသည်။

အဲ့ဒီအချိန်မှာပဲ ရှောင်ချောင်းက သူ့အဖေလက်ထဲက ငွေစက္ကူကို ဆတ်ခနဲ ဆွဲယူလိုက်ပြီး စူးရန်ရဲ့ နူးညံ့ညက်ညောတဲ့ လက်ထဲကို ထိုးထည့်ပေးလိုက်သည်။ သူမက သူ့ကို အတင့်ရဲစွာ ပြုံးပြလိုက်ပြီး

"အိမ်တော်ထိန်းစူး, ရှင်က ကျွန်မတို့အတွက်နဲ့ မြို့တော်ကနေတောင် တကူးတက လာခဲ့ရတာ... ဒါကြောင့် ဒီပိုက်ဆံကို ရှောင်ချောင်းက လက်ဖက်ရည်တိုက်တယ်လို့ သဘောထားပြီး လက်ခံလိုက်ပါ!"

သက်တန့်ရောင် မိန်းမပျို Book 3Where stories live. Discover now