Chapter 38 - Unicode

4.6K 389 6
                                    

"ချာတိတ် မနက်စာစားဦး"

"တော်ပြီ ကျောင်းမှပဲ၊ နောက်ကျနေပြီ"

မြင့်မြတ်ပိုင်နောင်စကားကို လျစ်လျူရှူလိုက်ပြီး သျှင်မင်းသန့် လွယ်အိတ်ထဲစာအုပ်တွေထည့်နေမိသည်။

"ချာတိတ်ကကွာ"

မြင့်မြတ်ပိုင်နောင်က ပေါက်မုန့်တစ်ချပ်ကို ယူလာရင်း သျှင်မင်းသန့် ပါးစပ်ထဲကို ထည့်ပေး၏။ သူလည်း ဆေးခန်းသွားရင်း သျှင်မင်းသန့်ကိုပါ ကျောင်းလိုက်ပို့ထားခဲ့ရမှာမို့ ပြာပြာယာယာပင်။

"မြောင် မြောင်"

သူတို့နှစ်ယောက်ပြာယာပြာယာဖြစ်နေတုန်းမှာပင် ဟန်နီကပါ ၀င်လာပြီး အစာတောင်းတော့သည်။

"ချာတိတ် ဟန်နီ့ကို မကျွေးရသေးဘူးလား"

"အား မေ့သွားတာ၊ အခုကျွေးလိုက်မယ်"

သျှင်မင်းသန့်က ပြောလိုက်ရင်း လွယ်အိတ်ကို ပစ်ချကာ အပေါ်အင်္ကျီကို၀တ်ရင်း  ဟန်နီ့အစာခွက်ဆီသို့ ပြေး၏။ မြင့်မြတ်ပိုင်နောင်လည်း အပေါ်အင်္ကျီ၀တ်လိုက်ကာ အခန်းအပြင်ထွက်တော့ သျှင်မင်းသန့်က ပြန်၀င်လာကာ သူ့ကို ၀င်တိုက်တော့သည်။

"ဦးလေးကြီး ဦးလေးကြီး"

"ချာတိတ်ကကွာ ပျာပျာပျာပျာနဲ့"

မြင့်မြတ်ပိုင်နောင်ပြောလိုက်တော့ ပြုံးကာ မော့ကြည့်သည်။

"ကြောင်စာကုန်နေပြီ ညနေကျ ဆေးခန်းကဟာလေးယူခဲ့ဦး"

"အင်း အင်း"

မြင့်မြတ်ပိုင်နောင် အပြင်ကို ထွက်လာလိုက်သော်လည်း သျှင်မင်းသန့်ကတော့ အိပ်ခန်းထဲသာ ပြန်၀င်သွားသည်။ ထို့နောက် လွယ်အိတ်ထဲကို ဖွင့်ကြည့်ကာ အသည်းအသန်ရှာနေ၏။ ထို့နောက် အံဆွဲတွေ၊ အိပ်ရာတွေကိုလည်း အကုန်လှန်လှောကာ ရှာနေ၏။

မောလာတော့ အခန်းထဲကို ခါးထောက်ပြီး လှည့်ပတ်ကာ ကြည့်ပြန်သည်။ ထို့နောက် မြင့်မြတ်ပိုင်နောင်ကို အော်ခေါ်ကာ အခန်းထဲက ပြေးထွက်တော့၏။

"ဦးလေးကြီး ဦးလေးကြီး"

"yes, love"

ကားသော့ထုတ်နေရင်းမှ သူ့ကိုလှမ်းခေါ်သည့် သျှင်မင်းသန့်အား မြင့်မြတ်ပိုင်နောင် လှည့်ကာ ထူးလိုက်သည်။

HONEYWhere stories live. Discover now