အပိုင်း ၃

Start from the beginning
                                    

တစ်ဖက်တွင်မူ ဝူကျစ်ကျစ်သည် အကောင်းမြင်စိတ်မရှိပေ။  ချင်ကောက သူမစိတ်ကူးထားသည့်အတိုင်း လုံးဝမဟုတ်ပေ။ ချင်ဟွိုက်၏အစ်ကိုသည် အိမ်ထောင်ရေးဆွေးနွေးပွဲသို့ တက်ရောက်ရန်အတွက် တီရှပ်အင်္ကျီနှင့် ဂျင်းဘောင်းဘီအကျပ်ကို ဝတ်ဆင်လာမည့် အမျိုးသားမဟုတ်ဘဲ အခြားလူကြီးလူကောင်းတစ်ဦးဖြစ်ရန် သူမ မျှော်လင့်ထားခဲ့သည်။ သူ့မျက်နှာမှာ အမာရွတ်တစ်ခုတောင်ရှိနေတယ်!

"ချင်ကော ဟုတ်တယ်မလား?  မင်းက စစ်တပ်မှာ စစ်သားတစ်ယောက်လို့ ကြားတယ်” မစ္စစ်ဝူက ပြုံးပြုံးလေး မေးလိုက်သည်။

"ဟုတ်ပါတယ်၊ ဒါပေမယ့် ဒဏ်ရာကြောင့် လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ကျွန်တော် အနားယူလိုက်ပါပြီ " ချင်ကောက မဖုံးကွယ်ထားဘဲ ပြန်ဖြေခဲ့သည်။

'ဒဏ်ရာလား?  ဘယ်မှာလဲ?  စစ်တပ်ကတောင် အငြိမ်းစားယူခိုင်းရင် ဒါက ပြင်းထန်တဲ့ ကိစ္စပဲ…'

ဝူကျစ်ကျစ်က ထိုလူကို တိတ်တဆိတ် စောင့်ကြည့်နေပြီး အခန်းထဲသို့ လျှောက်လာခဲ့သည့်အချိန်က သူ့လှုပ်ရှားမှုများကို ပြန်စဥ်းစားခဲ့သည်။  ကံကောင်းထောက်မစွာနဲ့ သူက မသန်မစွမ်းတော့ မဟုတ်နေဘူး။

"အို... အခုကော ဒဏ်ရာက ဘယ်လိုနေလဲ။  ပြန်ကောင်းလာပြီလား"

"စိတ်မပူပါနဲ့၊ပြန်ကောင်းလာတာကြာပြီ။ အကျိုးဆက်တွေ ရှိလာမှာ မဟုတ်ပါဘူး”  ချင်ကောက အေးစက်စွာ ရယ်မောလိုက်သည်။

“အိုး…အဲ့လို ဆိုလိုတာမဟုတ်ပါဘူး” မစ္စစ်ဝူ ကမန်းကတန်း ငြင်းလိုက်သည်။  "ငါ စိတ်ပူသွားလို့ပါ"

"မင်းဘာပြောလိုက်တာလဲဆိုတာကို ပြန်တွေးလိုက်ဦး ချင်ကော!"  မစ္စစ်ချင်က မစ္စစ်ဝူဘက် အပြုံးဖြင့် လှည့်မကြည့်ခင် သူ့ကိုဆူလိုက်သည်။  "ကျွန်မရဲ့သားက စစ်မှုထမ်းခဲ့တာကြာပြီဆိုတော့ သူ့ကိုယ်နေဟန်ထားက အကောင်းဆုံးမဖြစ်နေဘူး။ ဒါပေမယ့် သူကဆိုးသွမ်းနေတဲ့သူတော့ မဟုတ်ပါဘူး"

"ကျွန်တော်တို့နိုင်ငံကို ကာကွယ်ဖို့ အသက်စွန့် စွန့်စားလိုတဲ့ စစ်သားဟောင်းက သဘာဝအတိုင်း ယုံကြည်ထိုက်တဲ့သူပါပဲ!"  မစ္စတာ ဝူ သံယောင်လိုက်ကာပြောလိုက်သည်။  ဒီအိမ်ထောင်ရေးတွေ့ဆုံပွဲရဲ့ အောင်မြင်မှုက သူ့မိသားစုလုပ်ငန်းရဲ့ ရှင်သန်မှု၊ သေဆုံးမှုနဲ့ ဆက်စပ်နေသည်။  ဒါကို ရှုပ်ထွေးအောင်လုပ်ဖို့ သူတို့ မတတ်နိုင်ဘူး!

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ဘာသာပြန်)Where stories live. Discover now