"မင်းကိုငါထယ်နဲ့ မိတ်မဆက်ပေးခဲ့သင့်တာဂျောင်ဂု။ငါ့ကို မင်းတို့နှစ်ယောက်ပေါင်းပြီးအခုလိုလုပ်လိမ့်မယ်လို့မထင်ထားခဲ့တာ။သိပ်ချစ်ခဲ့တယ် ထယ်...။အခုတော့ စိတ်နာနိုင်မယ်မထင်သေးဘူး...ဟက်!"

ဂျီမင်းအောက်ထပ်ကိုဆင်းလာတော့ အမေကဘာကိစ္စ mask တပ်တာလဲဘာလဲမေးနေတာကြောင့် ညာပြောရသေးသည်။ဂျွန်ဂျောင်ဂုနဲ့ရန်ဖြစ်တယ်လို့သာပြောကြည့်ပါလား သူ့ကိုပဲဆူဦးမှာမလွဲ။အမေက သူတို့နဲ့ထပ်မပတ်သက်ဖို့ပြောထားပေမယ့် သူကိုယ်တိုင်က ဂျောင်ဂုကိုမြင်တိုင်း ဒေါသတလိပ်လိပ်တက်လာခြင်းကြောင့် အစဆွဲထုတ်နေခြင်းဖြစ်သည်။
.
.
.
.
.
ဂျီမင်းကျောင်းရောက်တော့လည်း အကျင့်ပါနေသောခြေထောက်တို့က ထိုအတန်းရှေ့ကိုသာရောက်သွားသည်။အရင်တုန်းကဆို အခန်းထဲမှာမြင်နေကြ ဆူပုတ်ပုတ်မျက်နှာလေးနဲ့ဖုန်းထိုင်သုံးနေတတ်တဲ့ကောင်လေးကို အခုဆိုသိပ်မတွေ့ဖြစ်တာတောင်ကြာရောပေါ့။အတန်းရှေ့ကနေ သူ့အရိပ်အယောင်ကိုတွေ့တာနဲ့အပြုံးလှလှလေးပြုံးပြပြီး သူ့ဆီကိုပြေးလာတတ်တဲ့ကောင်လေးက အခုဆိုသူ့ကိုတွေ့တာနဲ့ ရှောင်ထွက်သွားနေတတ်ပြီလေ။

"ဂျီမင်း ဒီကိုဘယ်လိုရောက်နေတာလဲ။"

အနောက်ကစကားသံကြောင့် လှည့်ကြည့်လိုက်တော့ သူ့ရန်သူတော်ကြီး ဂျွန်ဂျောင်ဂုရဲ့သူငယ်ချင်း ဂျောင်ဟိုဆော့ဖြစ်နေသည်။

"ဟိုဆော့ဟျောင်းရော ဒီကိုဘာလာလုပ်တာလဲ။အတန်းချိန်မရှိဘူးလား။"

"ဟျောင်းလား အတန်းရှိတယ်။အခုဟာက ဂျွန်ဂျောင်ဂုကိုလိုက်ရှာနေတာ။မနက်ကတည်းက ဟျောင်းဖုန်းခေါ်နေတာ ဆက်ပိတ်ထားတယ်ဆိုတာချည်းပဲဖြစ်နေလို့။"

"ဟုတ်ဟျောင်း~ကျွန်တော်သွားလိုက်ပါဦးမယ်။"

ဟိုဆော့ သူ့ရှေ့ကမျက်နှာလေးညိုးငယ်စွာလှည့်ထွက်သွားသော ဂျီမင်းကိုကြည့်ကားစိတ်မကောင်းဖြစ်မိသည်။ဂျီမင်းနဲ့ထယ်ယောင်း ကချစ်သူတွေဆိုတာ လူတော်တော်များများသိတဲ့ကိစ္စမဟုတ်လား။အခုတော့ ဂျောင်ဂုကလက်ဦးသွားတာကိုဂျီမင်းစိတ်ထိခိုက်နေမှန်းသူသိတာပေါ့။ထို့ကြောင့်....

Be You, For Me [completed]Where stories live. Discover now