"အရှက်မရှိကောင်။"

"အော...အရှက်ရှိပါတယ်ကွာ။အခုဟာက မင်းကငါ့ကိုအလိုမလိုက်လို့ပြောနေရတာ~"

Oh god သူ့ကိုအလိုလိုက်ရမယ်တဲ့။ဒင်းကို သူမှကြည့်မရတာ။ကြည့်မရတဲ့အပြင် အမြင်ကတ်ပုဒ်မပါထပ်တိုးနေတာကို အလိုလိုက်ရမယ်တဲ့။ဟာသတွေပြောနေတာတော့ မဟုတ်ပါဘူးနော်။

"ဆုတောင်းနေလိုက် ဂျွန်ဂျောင်ဂု။မင်းကိုငါ အိမ်ထောင်ဘက်လို့တောင်မသတ်မှတ်ထားတာဘာကိစ္စမျှော်လင့်နေရတာလဲ။​"

"ငါ့ကိုအဲ့လောက်တောင် ကြည့်မရဖြစ်နေတာလား။"

"မင်းထင်ချင်သလိုထင်နိုင်တယ်..."

"ဟုတ်လား ထင်ချင်သလိုထင်လို့ရတယ်ပေါ့~"

ကျောင်းအင်္ကျီကြယ်သီးတွေကို တစ်လုံးချင်းဖြုတ်ပြစ်ပြီး ဘောင်းဘီခါးပတ်တွေပါဆွဲဖြုတ်နေသည်မို့ သူဘယ်ခြေလှမ်း လှမ်းနေမှန်းထယ်ယောင်းသိတာကြောင့် ရေချိုးခန်းထဲကိုအတင်းပြေးဝင်တော့ ထင်တဲ့အတိုင်းအနောက်တပ်ကြပ်မကွာပြေးလိုက်လာသည့် အယုတ်တမာလေး...

"မင်း! ထွက်သွားနော်!!"

ထယ်ယောင်းအနောက်ကိုတဖြည်းဖြည်းဆုတ်ရင်းပြောတော့ ထိုအယုတ်တမာလေးကတစ်လှမ်းခြင်းတိုးလာသည်။တံခါးကလည်း lock ချပြီးသားဖြစ်နေခဲ့ပြီ။

"အဟွန်း...shower s-- တို့ဘာတို့စမ်းကြည့်ကြတာပေါ့။"

"အနားကိုမလာနဲ့လို့!!!"

ထယ်ယောင်းရေချိုးဆပ်ပြာဘူးတွေနဲ့ကောက်ပေါက်တာကိုတောင် ဒင်းကမဖြုံတဲ့အပြင် သူ့အနားကိုရောက်လာခဲ့ပြီး ရုန်းရင်းဆန်ခတ်ဖြစ်ရပြန်သည်။သေချာတာကတော့ ထိုအယုတ်တမာလေးကသူ့ကို ထပ်ယုတ်မာခဲ့တာပါပဲ။

~~~~~

ဂျီမင်း မနေ့ကအထိုးခံထားရတာမို့ မနက်ကျတော့မျက်နှာကဖူးယောင်နေပြီဖြစ်သည်။ကျောင်းသွားဖို့ပြင်ဆင်ရင်း mask တပ်မှရတော့မည်ဖြစ်သည်။မဟုတ်ရင် အဖေကမေးမြန်းနေရင် ကြားထဲကမဆိုင်တဲ့ထယ်ကအပြစ်ပြောခံရဦးမည်ဆိုးသောကြောင့်သာ။
တစ်ကယ်တော့ မနေ့ကသူကိုယ်တိုင် ဂျွန်ဂျောင်ဂုကိုမကျေနပ်ခြင်းကြောင့် ပြဿနာကိုသူ့ဘက်ကစရှာခဲ့တာဖြစ်သည်။

Be You, For Me [completed]Where stories live. Discover now