chapter-12

3.8K 324 12
                                    

"မင်းတို့ကမစောလွန်းဘူးလား ကျောင်းဖြင့်မပြီးကျသေးဘဲနဲ့ကို။"

"ဟုတ် ကျွန်တော်တို့နှစ်ယောက်ဆုံးဖြတ်ပြီးသွားပါပြီ။"

"ဘာ!..."

"ယောင်းဝင်မပြောနဲ့ ကိုယ်ပဲသေချာပြောပြလိုက်မယ်။"

ထယ်ယောင်း တစ်ကယ်ပင်ပြောစရာမရှိတော့အောင်ပင်ဖြစ်ရသည်။ဘယ့်နှယ် နှစ်ယောက်ဆုံးဖြတ်တာတုန်း။တစ်ကယ်ဆို သူတစ်ယောက်တည်းဖြစ်နေတာမဟုတ်ဘူးလား။
ဟား...တတ်လည်းတတ်နိုင်တဲ့ အယုတ်တမာလေးပဲ။

"အဲ့တော့ နောက်အပတ်ထဲငါတို့လူကြီးတွေက မင်းတို့မင်္ဂလာပွဲကိုကျင်းပပေးရမယ်ပေါ့။"

"ဟုတ်ပါတယ်။ကျွန်တော်တို့ လက်ထပ်ပြီးသွားရင်လည်း အဖေတို့ပိုင်တဲ့တိုက်ခန်းမှာသွားနေမယ်လို့စိတ်ကူးထားပါတယ်။"

"ဟုတ်ပြီလေ မင်းမိဘတွေကိုညကျရင် ဦးလေးပြောလိုက်မယ်။မင်းတို့က ကိုယ့်ကျောင်းစာကိုယ်သာအာရုံစိုက်ကြ။အဲ့တော့လည်း နောက်အပတ် ပိတ်ရက်ကျရင်မင်္ဂလာပွဲဖြစ်အောင် လုပ်ပေးတာပေါ့။တစ်ယောက်နဲ့တစ်ယောက်ကလည်း စိတ်ဆိုးစိတ်ကောက်ပြီး မလုပ်သင့်တာတွေမလုပ်ကြနဲ့ပေါ့။အခုအဖြစ်အပျက်တွေကို သင်ခန်းစာယူကြ ကြားကြလား။"

"ဒယ်ဒီ..."

"ဟုတ်ကဲ့ ဒါဆို ကျွန်တော်တို့နှစ်ယောက်အနားယူပါတော့မယ်။လာ...ယောင်း ကိုယ်တို့နားကျမယ်။"

"ဒယ်ဒီ...မဟုတ်!ဟ့ မင်းဘယ်လိုဖြစ်လို့လက်ကိုအတင်းဆွဲနေတာလဲ..."

ဂျောင်ဂု လူကြီးတွေနဲ့ထယ်ယောင်းကိုမဆုံစေချင်တာအဲ့ဒါတွေကြောင့်ပါသည်။အားနေ မဟုတ်ဘူး ဆိုပြီးငြင်းနေတာကြောင့် စကားကိုဖြတ်ဖြတ်ပြောရတာလဲ ခဏခဏပင်။ကင်မ်ထယ်ယောင်းက တစ်ကယ်ဆိုးလိုက်တာ...

"လူယုတ်မာကောင် မင်းဘယ်လိုဖြစ်လို့ ငါ့ကိုအမြဲဆွဲလားရမ်းလားလုပ်နေတာလဲ!!"

"ကျစ်! ငါ့ကိုခဏခဏ လူယုတ်မာလို့မခေါ်စမ်းနဲ့ထယ်ယောင်းရာ~ မင်းအဲ့လိုခေါ်တိုင်းမင်းကိုလုပ်..."

"မင်း!! ထပ်ပြောရင်ငါပစ္စည်းတွေနဲ့ကောက်ပေါက်မှာနော်။"

"ဟက်...အိမ်ထောင်သည်တွေပဲဖြစ်နေကြပြီ အခုထိအဲ့စကားတွေကိုရှက်နေတာတော့ မင်းကမဟုတ်သေးပါဘူး။အမှန်ဆို ယောက်ျားကိုအဲ့ကိစ္စက အလိုလိုက်ပေးရမှာဆိုတာ မသိတာလား။မင်းတော့ လိုသေးတယ်...နှစ်ယောက်တည်းအတူနေရရင် မင်းကိုအဲ့ဒါတွေသင်ပေးမယ်စိတ်ချ။"

Be You, For Me [completed]Where stories live. Discover now