(၉၅) မြေးအဖိုးနှစ်ဦး၏ စကားဝိုင်း

2.7K 356 6
                                    

[Unicode]

တပ်သားလေး၏ ဦးဆောင်မှုကြောင့် ၎င်းတို့သည် မြို့တော် X ၏ စစ်တပ်ခရိုင်ရှိ ကွပ်ကဲမှုဗဟိုဌာနသို့ အမြန်ဆုံး ရောက်လာကြသည်။ မြို့တော်နှစ်ဆယ့်ခြောက်မြို့၏ စစ်တပ်ခရိုင်များအကြားတွင် ၎င်းတို့အားလုံးကို လျှို့ဝှက်ဆက်သွယ်ပေးသည့် သီးသန့်ဆက်သွယ်ရေးစနစ်တစ်ခု ရှိပြီး အရေးပေါ်အခြေအနေများ ပေါ်ပေါက်လာသည့်အခါတိုင်း အရေးကြီးသော အချက်အလက်များကို အခြေစိုက်စခန်းတိုင်းအား ချက်ချင်းမျှဝေနိုင်မည်ဖြစ်သည်။

မြို့တော် Z ၏ စစ်တပ် အခြေစိုက်စခန်းသို့ ပြန်ရောက်သွားတဲ့ အချိန်တုန်းက လုံကျန်းရီသည် ဒီဆက်သွယ်ရေးလိုင်းအတွက် အခြေစိုက်တစ်ခုလုံးကို ရှာဖွေခဲ့ပြီး သူ့အဖိုးနှင့် သူ၏ကွပ်ကဲမှုအောက်ရှိ တပ်များကို ဆက်သွယ်ရန်အတွက် မြို့တော် A သို့ ဆက်သွယ်ရန် ကြိုးစားခဲ့သည်။ ဒါပေမယ့်အကြောင်းတစ်ခုခုကြောင့် ဆက်သွယ်လို့မရခဲ့ဘူး။ ထိုအချိန်တွင် ဒီကမ္ဘာပျက်ကပ်အတွင်း ကြိုမမြင်နိုင်သော ဖြစ်ရပ်တစ်ခုကြောင့် စနစ်တစ်ခုလုံး ပျက်စီးသွားခဲ့သည်ဟု သူထင်မိခဲ့သည်။ မမျှော်လင့်ဘဲ မြို့တော် X က မြို့တော် A နှင့် ချိတ်ဆက်မှုကို  ဆက်လက် ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပြီး သူ အရင်ဆုံး လုပ်ဆောင်ရမှာက စိတ်ချစေရန်ဖြစ်သည်။

သွယ်လျသော လက်ချောင်းများက ကီးဘုတ်‌ပေါ်တွင် ပျံသန်းရင်း စစ်တပ်၏ သီးသန့်ဆက်သွယ်ရေးစနစ်အတွင်းသို့ ချက်ခြင်းဝင်ရောက်သွားသည်။ သူ့ရဲ့ ကိုယ်ပိုင်မှတ်ပုံတင်နံပါတ်ကို ထည့်သွင်းပြီးတော့ စစ်တပ်လိုဂိုကို ပြသနေသည့် မျက်နှာပြင်သည် လုပ်ငန်းဆောင်ရွက်မှုဘားအဖြစ်သို့ ပြောင်းလဲသွားသည်။

အလွန်လျင်မြန်စွာနဲ့ ဘားတန်းသည် ပြီးစီးသွားပြီးနောက် ဖန်သားပြင်က ပြန်လင်းလာကာ ဒီတစ်ခါတော့ တစ်ဖက်ကလူမှ တောက်တောက်ပပ ပြုံးပြနေရင်း လုံကျန်းရီကို ရွှင်မြူးစွာ နှုတ်ဆက်လိုက်တယ်။ "ဟားဟား... ဘော့စ်... မင်း အသက်ရှင်နေသေးတာပဲ"

လုံကျန်းရီက အံ့အားသင့်သွားသည့် အာမေဋိတ်သံကို ကြားလိုက်သည်နှင့် တပြိုင်နက် အပြုံးတစ်ခု ထွက်ပေါ်လာသည်။ သိပ်မကြာခင်မှာပဲ ထိုအပြုံးက ပျောက်ကွယ်သွားကာ မျက်လုံးများကို ကျဉ်းမြောင်းရင်း ပြုံးတုံ့တုံ့ဖြင့် " ဘာလို့လဲ... ကျိုးဟန့်ယန်.. မင်းက တကယ်ကြီး ငါ့ကို သေစေချင်နေတာလား "

အဓိကဇာတ်ကောင်၏ ပြန်လည်မွေးဖွားခြင်း[ Mmtranslation ]Where stories live. Discover now