Successfully repairing the car

5.9K 980 12
                                    

[Unicode]

ဒီတစ်ခါ သူတို့ခရီးရဲ့ရည်ရွယ်ချက်က ထောက်ပံ့ရေးပစ္စည်းတွေနဲ့ တခြားအရာတွေကို ရှာဖွေဖို့မဟုတ်ဘူး။ သူတို့ရဲ့ တစ်ခုတည်းသောရည်ရွယ်ချက်က ကားဂိုဒေါင်ထဲ၀င်ပြီး Long Zhanye ၏ ကားကို ပြန်ယူရန်ဖြစ်သည်။

သူတို့နှစ်ယောက်မှာ တစ်ယောက်ကဦးဆောင်ပြီးတော့ အနောက်ဘက်ကို စောင့်ကြည့်နေတဲ့တစ်ယောက် ဖြည်းဖြည်းချင်း ရှေ့ကိုတိုးလာခဲ့တယ်။ သူတို့ပတ်ဝန်းကျင်က အရမ်းကိုတိတ်ဆိတ်နေပြီး ဘာသံမှမကြားရတော့ဘူး။ သူတို့နှစ်ဦးလုံးရဲ့နောက်ကျောတွေကို ကာကွယ်ဖို့အတွက် Huo Zaiyuan သည် သူ့ရဲ့အာရုံငါးပါးလုံးအား အဝေးဆုံးသို့ရောက်နိုင်သည်အထိ ဖြန့်ကျက်ထားခဲ့သည်။ အဲ့ဒီအချိန်မှာ သူ့ရဲ့အာရုံတစ်ခုချင်းစီက ပိုပြီး အာရုံခံနိုင်စွမ်းကောင်းမွန်လာတာကို ရှာဖွေတွေ့ရှိခဲ့တယ်။ သာမန်အားဖြင့် ဒီပြောင်းလဲမှုက အတော်လေးကို သိမ်မွေ့နက်နဲတယ်။ ဒါပေမယ့် အခုချိန်မှာ အဲ့ဒီအရာတွေက အတော်လေးကို စိတ်ဖိစီးပြီးတောင့်တင်းနေတာက သိသာနေတယ်။

အရင်က ကားဂိုဒေါင်ကိုသွားရာမှာ တစ်မိနစ်သာလိုပေမယ့် အခုတော့ ငါးမိနစ်တောင် ကြာခဲ့တယ်။ ကံကောင်းစွာနဲ့ပဲ ဒီခရီးတိုလေးမှာ ဘာမှဖြစ်မလာခဲ့ဘူး။

ကားဂိုဒေါင်၏တံခါးသည် ဘယ်မှညာသို့ လူနှစ်ဦးဆွဲဖွင့်ရသည့် ဒီဇိုင်းပြုလုပ်ထားသည်။ အလယ်မှာ လက်ကိုင်ရှိပြီးတော့ တစ်ယောက်တည်းဆွဲဖွင့်ရတဲ့ တံခါးမျိုးနှင့် နှိုင်းယှဉ်ရင်တော့ ဒီတံခါးက ပိုပြီးလုံခြုံမှုရှိတယ်။ တံခါးက သူ့ဟာသူပိတ်မနေပဲနဲ့ မျက်နှာပြင်ပေါ်မှာရှိတဲ့ သွေးစီးကြောင်းတွေက လူကို မသက်မသာဖြစ်စေတယ်။ အောက်ခြေအဟကြားထဲက သွေးကွက်တွေကနေရတဲ့ သွေးညှီနံ့တွေကြောင့် အော့အန်မိတော့မလိုပဲ...

Long Zhanye က သူ့လက်ချောင်းလေးများနှင့် လက်ဟန်ပြလိုက်ပြီး Huo Zaiyuan သည် ဂို‌ဒေါင်ထဲကို သူ၏ပစ္စတိုဖြင့် ချိန်ရွယ်ထားပြီး ဘယ်အရာကိုမဆို ပစ်ခတ်ရန် အသင့်ဖြစ်နေသည်။ ဂိုဒေါင်တံခါးကို လက်ကိုင်ကနေ ဖြည်းဖြည်းချင်းဆွဲလိုက်ပြီး Long Zhanye သည် အေးစက်မှုတစ်ခုက သူ့ကျောရိုးတလျောက် ပျံ့နှံ့သွားတယ်လို့ ခံစားလိုက်ရပြီး သူ့လည်ပင်းမှာရှိတဲ့ အမွှေးတိုတိုလေးတွေတောင် အဆုံးစွန်ထိ ထောင်လာခဲ့တယ်။

အဓိကဇာတ်ကောင်၏ ပြန်လည်မွေးဖွားခြင်း[ Mmtranslation ]Where stories live. Discover now