(၉၄) လုံခြုံရေးအန္တရာယ်များ

Start from the beginning
                                    

"ကျန်းရီ... အကို မြို့တော် A စစ်တပ်ခရိုင်ရဲ့ အကြီးတန်းအရာရှိဖြစ်လာတုန်းက အကို့အသက်ဘယ်လောက်ရှိပြီလဲ" ဟွာကျိုးယွမ်က သက်သေခံကတ်ပြားကို တဖက်အမျိုးသား၏ အတွင်းအင်္ကျီအိတ်ကပ်ထဲသို့ ပြန်ထည့်ပေးရင်း မေးလိုက်သည်။

ဒါက အဖိုးတန်တဲ့အရာတစ်ခုပဲ။ မြို့တော်  A ကို သွားတဲ့လမ်းတ‌လျောက်မှာ သေချာပေါက် အဆင်ပြေသွားတော့မှာ။

"အသက်ဆယ့်ရှစ်နှစ်" ခဏလောက်စဉ်းစားပြီးတော့ လုံကျန်းရီ၏မျက်နှာပေါ်မှာ ပြိုးပြိုးပြက်ပြက် တောက်ပနေတဲ့ အပြုံးတစ်ခုပေါ်လာပြီး "ကိုယ်က မိုက်တယ်မဟုတ်လား... မြန်မြန်ချီးကျူးလိုက်စမ်းပါ" လို့ အော်‌ပြောချင်‌နေတဲ့ပုံနဲ့ အံ့သြစရာကောင်းတဲ့ ထိုအချက်ကို ပြောပြလိုက်သည်။

"အိုး...ရှစ် .. ဆယ့်ရှစ်နှစ်ပေါ့ ... အကို့ရဲ့ အဆက်အသွယ်တွေကို အသုံးချပြီး ရယူခဲ့တာတော့ မဟုတ်ပါဘူးနော် " ဟွာကျိုးယွမ်၏ မေးခွန်းက အသံတိုးတိုးလေးဖြင့် အဆုံးသတ်သွားသည်။

"အိုး...ကိုယ့်ချစ်သူလေး... မင်းက ငါ့ကို အရမ်း အထင်သေးတာပဲ" လုံကျန်းရီက ပြင်းထန်စွာ နာကြင်ရမှုတွေကို ထုတ်ပြရင်း သူ့အပြုံးက စိတ်ကောက်သွားတဲ့အတိုင်းပဲ။ 

သူ့ရှောင်ယွမ်လေးက သူ့အကြောင်းတွေကို သေချာမသိသေးဘူး။ သူက အနာဂတ်မှာ ရှောင်ယွမ်ကို ပညာသင်ပေးရမည်ဖြစ်ပြီး ဒီအကြီးတန်းအရာရှိက ဘယ်လောက်တောင် ထူးချွန်လဲဆိုတာကို  အတိအကျ သိစေရမယ်!

" ကပ္ပတိန် လော့ဒ်.…. ကျေးဇူးပြုပြီး ဝင်ပါ....  ဒီစစ်တပ်ခရိုင်ရဲ့ ခေါင်းဆောင်က ဆရာ့ကို အထဲမှာ စောင့်နေပါတယ် " လမ်းတာဝန်ခံက သူတို့အတွဲအတွက် တံခါးကို ဆွဲဖွင့်ပေးလိုက်ပြီး ရိုသေလေးစားတဲ့ အမူအယာနဲ့ တိတ်တဆိတ် စိတ်လှုပ်ရှားနေတဲ့ အသံနှင့် ပြောလိုက်သည်။

သူ့မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး လုံကျန်းရီသည် လွန်ခဲ့သည့် စက္ကန့်အနည်းငယ်က ဟွာကျိုးယွမ်ကို ပြုံးပြပြီး ကျီစယ်နေသောလူနှင့် ကမ္ဘာတဖက်စီကလို ဖြစ်နေသည်။

အဓိကဇာတ်ကောင်၏ ပြန်လည်မွေးဖွားခြင်း[ Mmtranslation ]Where stories live. Discover now