မနက်မိုးလင်းတော့ ထယ်ယောင်း သူ့ရဲ့ခါးကိုတစ်ခုခုကရစ်သိုင်းဖက်ထားပြီး လည်ပင်းနားကအသက်ရူသံပြင်းပြင်းကိုလည်းကြားနေရသည်။အိပ်ယာဘေး စားပွဲပေါ်ကနာရီလေးကိုကြည့်မိတော့ မနက်7နာရီထိုးပြီးနေပြီဖြစ်သည်။
"ကျစ်! ဒီကောင်ကိုယ့်ခုံပေါ်ကိုယ်သွားမအိပ်ဘဲ လူကိုအသားလာယူနေတာပဲ။"
ညက ထိုအယုတ်တမာလေးကြောင့်ရင်တုန်ပြီးတော်တော်နဲ့အိပ်မရဘဲ အိပ်ယာဝင်နောက်ကျခဲ့ရသည်။ထိုအယုတ်တမာလေး ဂိမ်းဆော့နေတဲ့အသံကိုအတိုင်းသားကြားနေရတာကြောင့်ဆိုပိုမှန်မည်။လူအိပ်ချင်ကို နားမလည်တဲ့အကောင်။
သူ့လက်တွေကိုဆွဲဖယ်တော့ မလွှတ်ပေးတဲ့အပြင်ပိုပြီးတင်းကြပ်ကာ လည်ပင်းတွေကိုနှာခေါင်းဖြင့်ထိကပ်လိုက်သေးသည်။"နိုးနေရင်လည်းဖယ်စမ်းပါ! ကိုယ့်ခုံမှာကိုယ်သွားအိပ်!!"
"အွန်း...ဖက်လို့ကောင်းတယ်။"
"ကျစ်! ဒီလူယုတ်မာကတော့..."
ထယ်ယောင်း ဂျောင်ဂုရဲ့လက်တွေကိုဆွဲဖယ်တာကိုမရ။ဂျောင်ဂုက သူ့လက်တွေကိုပြန်ချုပ်ကိုင်ပြီး သူ့ကျောနဲ့ရင်ဘတ်ကိုဆွဲကပ်လိုက်သည်။
"ဟ့...ဘယ်လိုဖြစ်နေတာလဲ"
"ငါမင်းကိုသိပ်အသည်းယားနေပြီကွာ...။ဟက်...ငါ့စိတ်ရှိတိုင်းဆိုမင်းတော့ တစ်စဆီဖြစ်နေပြီ သိရဲ့လား။"
ထယ်ယောင်း ဂျောင်ဂုရဲ့စကားတွေကိုရုန်းနေတာရုတ်ချည်းငြိမ်သွားသည်။သက်သက်မဲ့အသားယူပြီး လည်ပင်းနားမှာပွတ်သပ်နေတဲ့နှာခေါင်းကြောင့်မနေတတ်တော့တာကြောင့် ဂျောင်ဂုဘက်ကိုအတင်းလှည့်ကြည့်လိုက်တော့...
#အွန့်!
အနမ်းခံလိုက်ရသောသူနှုတ်ခမ်းတွေ။သူ့ကိုယ်လုံးလေးကို ဂျောင်ဂုကအောက်ကိုပို့လိုက်ပြီး အနမ်းနင့်နင့်နဲနဲတွေပေးနေသည်။အပေါ်နှုတ်ခမ်းကိုလျှာနဲ့လျက်လိုက်တာကြောင့် အသိပြန်ဝင်ပြီး သူ့အပေါ်ကကိုယ်လုံးကြီးကိုတွန်းထုတ်လိုက်သည်။
လူချင်းကွာသွားတော့မှ ထယ်ယောင်းကိုယ့်နှုတ်ခမ်းကိုလက်နဲ့သုတ်ပြစ်လိုက်ပြီး ပါးကိုရိုက်ရန်လက်ရွယ်တော့ သူ့လက်တွေကိုဆုပ်ကိုင်ကာ တစ်ချက်နမ်းလိုက်သည်။