"ဖြောင်း!!..."

ပြောရင်းထိုမိန်းကလေးကhoseokပါးပြင်နုနုပေါ်ကို အားကုန်ရိုက်ချလိုက်တယ် .....

"ဒါပေမယ့်...ငါစိတ်မပူပါဘူး...နင့်သာကိုကို ဘဝထဲကနေ ပျောက်ကွယ်သွားရင် ကိုကိုရဲ့သတို့သမီးနေရာလေးကငါ့အတွက်ပဲပေါ့....ဟားဟားဟား...."

Liliက hoseokထိုင်ခုံကိုပတ်ကာအရူးတစ်ယောက်လိုမျိုး ဟားတိုက်အော်ရယ်နေလေတယ်

Hoseokအတွက်အခုချိန်မှာ taehyungကိုအရမ်းလိုအပ်နေတယ်...သူသိပ်ကြောက်တယ်...taehyungနဲ့ပျော်ရွှင်ရမဲ့အချိန်တွေရောက်ပြီလို့ထင်ကာမှ သူ့အပေါ်ကံကြမ္မာကဘာတွေရက်စက်ပြန်တာလဲ....

"နင်သိလား....ငါကလေ ကိုကို့ ကို နင့်ထက်အရင်တွေ့ခဲ့တာ...နင့်ထက်အရင်ချစ်ခဲ့တာ.....နင့်ကနောက်ကျမှရောက်လာပြီးကိုကို့ ကိုငါ့လက်ထဲကနေလုယူသွားခဲ့တာ...."

သူမဘာတွေပြောနေလဲhoseokနားမလည်ပါ။hoseokကသာသူမထက်အရင်taehyungကိုတွေ့ခဲ့တာမဟုတ်ဘူးလား။သူမနဲ့taehyungက hoseokနဲ့လမ်းခွဲပြီးtaehyung usရောက်သွားမှသာတွေ့ခဲ့ကျတာမဟုတ်ဘူးလား...hoseokအတွေးပေါင်းစုံ
ရှုပ်ယှပ်ခတ်နေချိန်

"အားးးးး...."

ထိုမိန်းကလေးကသူ့မရဲ့ဒေါက်ဖိနပ်ချွန်ချွန်နဲ့ hoseokရဲ့ဖိနပ်မပါတဲ့ခြေထောက်ကလေးတွေအပေါ်ဖိနင်းပလိုက်တယ်...ဒေါက်ဖိနပ်ကချွန်လွန်းလို့ခြေဖမိုးလေးတွေမှာသွေးလေးတွေရဲလို့....

"နားထောင်လို့ကောင်းလိုက်တာ..ထပ်အော်ပါအုန်း..စွပ်..."

"...."

သူမအသံထွက်‌စေချင်သလိုမဖြစ်ရလေအောင်hoseokဆီကအသံလုံးဝထွက်မလာခဲ့ပါ။

မိန်းကလေးကhoseokဘယ်ဘက်လက်ခုံကိုဓားနဲ့ဆွဲခြစ်လိုက်တဲ့အခါသွေးတို့ဖြာကနဲရဲကျလာကာ သွေးတွေနဲ့ရဲရဲနီသွားတယ်။သို့ပေမယ့်hoseokဆီကအသံထွက်မလာတော့ပါ...

အသံမထွက်အောင်နာကျင်မှုကို ကြိတ်ပြီးခံစားနေလေသည်။သွေးချင်းတို့ရဲရဲ့နီနေတဲ့hoseokအခုချိန်မှာတောင်းတမိတဲ့သူဟာတစ်ယောက်ထဲ သူ့ရဲ့နောက်ဆုံးအချိန်မှာtae taeကို နောက်ဆုံးအကြိမ်အဖြစ်မြင်ချင်မိပါရဲ့....

𝗠𝘆 𝗟𝗼𝘃𝗲𝗿 𝗕𝗮𝗱 𝗕𝗼𝘆Where stories live. Discover now