"မ သူငယ်ချင်းတွေကပြောကြတယ်သိလား မောင်ကမကိုplayနေတာဆို''

"ဟာ.မကိုဘယ်သူပြောတာလည်း ကျစ်!လူတွေကလည်းသူတို့နဲ့မဆိုင်ပဲ မဟုတ်တာတွေ လျှောက်ပြောပြန်ပြီ ''

"အွန်းး မလည်းငြိမ်နေမလား ပြန်ပြောတာပေါ့ ငါချစ်နေရင်ရပြီလို့လေ''

မ ရဲ့စကားကြောင့်ထိုက်ခနတာတိတ်ဆိတ်မိသွားသည် မနဲ့တွဲလာတာ အခုဆိုရင်၁လတောင် ေကျာ်လာပြီ မကကျနော့်ကို အရမ်းဂရုစိုက်တာ တဖြေးဖြေးနဲ့ကျနော် မကိုအားနာလာခဲ့မိတယ် မ ကျနော့်ပေါ် သိပ်ချစ်သလောက် ကျနော်ကတော့..

=====

"ရှင်း ငါရှုံးတော့မယ်ထင်တယ်''

"တကယ်ကြီး သူ့ကိုချစ်မိနေပြီလား''

"ဟုတ်တယ်ထင်တယ် ''

"ငါ့ကိုဒူးထောက်တောင်းပန်ရမှာနော် တကယ်ပြောနေတာ လားထိုက်''

ထိုက်နူတ်ဆိတိတ်နေတယ် ရှင်းရဲ့စကားကိုဘာမှပြန်မဖြေဘူး'တကယ်ကြီးလားထိုက် အဲ့လိုဖစ်လို့မရဘူးလေ ဒါကစားပွဲတစ်ခုပဲလေ မရဘူး..'

"နောက်နေတာမလား နင်ပဲအချစ်ကိုအယုံအကြည်မရှိဘူးဆို''

".......''

"ငါ...ငါ..နင့်ကိုချစ်နေတာကြာပြီထိုက်''

"ဟင်...ရှင်း.နင်တကယ် ပြောနေတာလား''

ရှင်းပြောနေရင်း ပါးနှစ်ဖက်တွင်မျက်ရင်များစီးကျလာတော့သည်

ထိုက် တယောက်မျက်လုံးပြူးသွားသည် ရှင်းငိုနေသည် ဘာလို့အခုမှလဲ အခုမှဘာလို့ပြောရတာလဲ

"ငါ.လည်းနင့်ကို မနဲ့မတွေ့ခင်ထဲက သဘောကျနေခဲ့တာပါ''

ရှင်းငိုနေရာမှာ ထိုက်စကားကြောင့်သူ့မျက်နှာကို မော့ကြည့်လိုက်သည်

"ဘာလို့မပြောခဲ့ရတာလဲ အ..အခုရော''

ထိုက် ရှင်းရဲ့ပါးပြင်ပေါ်မှ မျက်ရည်များကို သုတ်ပေးလိုက်ရင်း"တောင်းပန်ပါတယ် ငါမကိုတကယ်ချစ်မိသွားပြီထင်တယ်''

"ရှင်း!''

ရုတ်တရပ် ရှင်းထိုင်နေသောနေရာမှ ပြေးထွက်သွားတော့သည် ထိုက်ကတော့ ရှင်းရဲ့ကျောပြင်လေးအားကြည့်ပြီး မှိုင်ထွေရင်းသာ ကျန်ခဲ့တော့သည်

မြတ်နိုး၍ချစ်ခဲ့ရပါသည် သို့သော်...Where stories live. Discover now