0

538 41 10
                                    

ကင်ဆော့ဂျင်သည်  ဝတ္ထုစာအုပ်များဖတ်ရသည်ကို အလွန်သဘောကျသူတစ်ဦးဖြစ်သည်။

ဒီနေ့ စာကြည့်တိုက်မှငှားလာသော စာအုပ်ကို
ယူရင်း အိမ်မပြန်ချင်သေးတာမို့ တစ်ဖက်လမ်းက 'ကဖေး' တစ်ခုစီဝင်ထိုင်လိုက်ကာ ကော်ဖီတစ်ခွက်နဲ့ ကွတ်ကီးတစ်ချို့မှာပြီး ဝတ္ထုစာအုပ်ကို စတင်ဖတ်သည်။

သိပ်မအားလပ်သောအချိန်ကြောင့် စာမျက်နှာ100ကျော်လောက်သာပါရှိသော
စာအုပ်အပါးလေးကိုသာယူလာခဲ့သည်။

ဇာတ်လမ်းအတွင်း ဇာတ်လိုက်နှစ်ယောက်နှင့်ဇာတ်လိုက်မနှစ်ယောက်လဲပါသလို ဗီလိန်တစ်ဦးလဲပါသေးသည်။

ဗီလိန်ဟာ သူနှင့်နာမည်တူကာ သနားစရာဘဝဇာတ်ကြောင်းရှိသည်။

ဗီလိန်ဟာ မိထွေးနှင့်အတူသမီးနှစ်ယောက်ဖြစ်သူနှင့် နေရသည်။မိထွေးဟာ ဗီလိန်အား
သားတစ်ယောက်ကဲ့သို့ နွေးနွေးထွေးထွေးဆက်ဆံသည်။

မိထွေးမရှိသည့်အချိန်များတွင် ညီအမနှစ်ယောက်မှာ ဗီလိန်ကို ပြောဆိုကာရိုက်နှက်လေ့ရှိသည်။ဗီလိန်ဟာလဲ မိထွေးအိမ်တွင်လိုက်နေရသည့် သူဖြစ်တာမို့ ဘာမှမလုပ်နိုင်

ထို့အပြင်ဗီလိန်သည် ကျောင်းတွင်လဲအနိုင်ကျင့်ခံရသေးသည်။

ဗီလိန်ဖြစ်ရခြင်း အကြောင်းမှာ ကျောင်းသို့ကျောင်းသားအသစ်နှစ်ဦးပြောင်းလာရာမှစသည်။ဗီလိန်ဟာ သူအနိုင်ကျင့်ခံရချိန်
တစ်ခါဝင်ကူညီဖူးသော ဇာတ်လိုက်နှစ်ဦးစလုံးကို သဘောကျမိသွားသည်။

သို့သော်ကံမကောင်းစွာ ဇာတ်လိုက်တွေကဗီလိန်ရဲ့မိထွေးသမီးနှစ်ယောက်ကို သဘောကျသွားကြသည်။

အဲ့နောက်ပိုင်း ဗီိလိန်စဖြစ်လာခဲ့သည််။

ဇာတ်လိုက်တေနဲ့ ဒိတ်ဖို့သွားခံနီးမှာ အင်္ကျီတေကိုညစ်ပတ်ပြီးဝတ်မရအောင်လုပ်တာတေ

အခန်းထဲသော့ပိတ်ထားခဲ့တာတေ

မိတ်ကပ်ဘူးတေနေရာမှာ ဆေးရောင်ျယ်ကပ်တေသွားထားတာမျိုးတေ

ဇာတ်လိုက်မနှစ်ယောက်လုံးကို တကယ်ဒေါသထွက်သွားစေတာကတော့ ခေါင်းလျှော်ရည်နေရာမှာ အမွှေးကျွတ်ဆေးတေသွားထည့်ထားတာပင်

အစရှိသဖြင့် လုပ်ခဲ့သမျှတိုင်းမှာ တစ်ခါလုပ်တိုင်း သေလောက်အောင်အရိုက်နှက်ခံရလဲ ဆက်လုပ်ခဲ့သည်။

နောက်ဆုံး ဇာတ်လိုက်နှစ်ဦးနှင့် ဇာတ်လိုက်မနှစ်ဦး လက်ထပ်မည့်အချိန် ဗီိလိန်ရဲ့ကောင်းကျိုးကြောင့်် ဇာတ်လိုက်မနှစ်ဦးစလုံးဟာ ဆံပင်တုတေတပ်ထားရသည်။

ဗီလိန်ဟာ မင်္ဂလာပွဲကိုတားရန် ဇာတ်လိုက်မနှစ်ဦးအား အိပ်ဆေးတေတိုက်ကာ ပြန်ပေးဆွဲသည်။ထို့နောက် ဇာတ်လိုက်တေရောက်လာကာ ဗီလိန်သေဆုံးပြီး ဇာတ်လမ်းကပြီးဆုံးသည်။

လက်ကျန်ကော်ဖီအနည်းငယ်ကို သောက်ကာ
စာအုပ်အား ပိတ်ချလိုက်သည်။

"အဆုံးသတ်ကလဲမမိုက်လိုက်တာ ဇာတ်လမ်းကလဲပျင်းစရာကြီး"

ခုံမှာထိုင်ရတာ ကြာပြီမို့ ညောင်းနေတဲ့ခါးကြောင့် အကြောတစ်ချက်ဆန့်ကာ ကောင်တာတွင်ကျသင့်ငွေရှင်းပြီး ထွက်လာခဲ့သည်။

စာကြည့်တိုက်သို့စာအုပ်ပြန်အပ်ရန် မီးစိမ်းသည်ကိုစောင့်ကာ မီးစိမ်းတာနဲ့အလျှင်အမြန်ကူးသည်။

သို့သော် အရှိန်ဖြင့်လာနေသော ကားဟာ ရပ်မသွားခဲ့

'ဒုန်း!!!'

"အမလေး ကားတိုက်တာလား"

"ကောင်လေးသနားပါတယ်"

"ဆေးရုံပို့ဖို့လုပ်ကြလေ"

သူ့ဘေးနားတဖြေးဖြေးကပ်လာတဲ့လူတေက မှုန်ဝါးဝါးသာမြင်ရကာ အသံတေကိုလဲဝိုးတိုးဝါးတားကြားရသည်။

နောက်ဆုံးတွင် သူ့ကမ္ဘာဟာအမှောင်ကျသွားသည်။

သွေးအိုင်ထဲတွင်တော့သူဖတ်ခဲ့သည့် စာအုပ်ကလေးဟာ သွေးတေပေစွန်းလျှက် . .  

____

30/1/23

ဒီရက်ကထဲကရေးထားတဲ့အင်ထရိုလေးပါး
အဟောင်းတေလဲအပ်ပါမယ်ဗျာ
ကြိုက်ရင်ဒါလေးတစ်ပိုင်းရေးထားတာရှိသေးလို့မနက်တင်ပေးမယ်နော် လူကြီမင်းတို့

ဗီလိန်နေရာကလွတ်မြောက်အောင်ပြုလုပ်ခြင်းOpowieści tętniące życiem. Odkryj je teraz