1

383 47 17
                                    

မျက်လုံးဖွင့်လိုက်သည်နှင့် ဝေဝါးစွာမြင်နေရသည်။မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း မြင်ကွင်းကိုကြည်လင်စွာမြင်ရရန် သူကြိုးစားနေသည်။

အဖြူရောင်ချည်းသက်သက်သာ ရှိသောအခန်းအတွင်း သူထိုင်နေခဲ့သည်။သူသေသွားပြီလား။ငယ်ငယ်လေးနဲ့မသေချင်သေးဘူး။

မရက်စက်ပါနဲ့ဘုရားသခင်ရယ် မိန်းမတောင်မယူရသေးဘူး..။

"Hostကမသေသေးပါဘူး"

"ဟမ်!"

သေသွားပြီအထင်နှင့် စိတ်ထဲကြေကွဲနေစဥ် ကလေးအသံနှင့်တူသည့် အသံသေးသေးကိုကြားလိုက်ရသဖြင့် သူလန့်သွားသည်။

ထိုအချိန်ရုတ်တရပ်သူ့ရှေ့တွင် 5နှစ်ကလေးအရွယ်ခန္ဓာကိုယ်နှင့် အပြာနုရောင်အင်္ကျီအားဝတ်ဆင်ကာ နောက်ကျောတွင် အဖြူနှင့်အပြာရောစပ်ထားသော လှပသည့်အတောင်ပံများနှင့် အရာလေးတစ်ခုပေါ်လာသည်။

"မင်း..မင်းကဘယ်သူလဲ ငါကရော
ဘယ်ကိုရောက်နေတာလဲ"

"မင်္ဂလာပါ Host ကျွန်မက Hostရဲ့
တွဲဖက်ပါ Hostကအခု systemထဲရောက်နေတာပါ"

"System! "

သူ့အသံကျယ်ကျယ်ဖြင့် ထိန်လန့်တကြားအော်လိုက်သည်။

"ဟုတ်ပါတယ်။အခု Hostရောက်နေတဲ့
Systemမှာ point တေစု ရပါမယ်။အထက်ကပေးတဲ့ missionတေကိုပြုလုပ်ရင်း pointတေစုဆောင်းနိုင်ပါတယ်။ရတဲ့ pointတေနဲ့ ပစ္စည်းတေဝယ်လို့ရသလိုအဟမ်း!ဆန္ဒရှိရင် ကျွန်မကိုလဲ updateမြင့်လို့ရပါတယ်။"

စကားအများကြီးကိုပြောပြီးနောက် မောသသည်ထင် ဘေးနားရှိစားပွဲပေါ်ကရေတစ်ခွက်အားယူသောက်သည်။အဲ့စားပွဲကိုသူ သတိထားမိတာလား အခုမှပေါ်လာတာလားသေချာမသိပေ။

"ဒါနဲ့ငါကဘယ် systemထဲရောက်နေတာလဲ"

"Hostနောက်ဆုံးဖတ်ခဲ့တဲ့ ဝတ္ထုရဲ့ systemထဲကိုပါ။ပြီးတော့ Hostကဗီလိန်နေရာကပါ။ အဓိက missionနာမည်ကတော့ ဗီလိန်နေရာကလွတ်မြောက်အောင်ပြုလုပ်ခြင်းပါ။"

"အဲ့ပျင်းစရာကောင်းပြီး သောက်အဓိပ္ပါယ်မရှိတဲ့ဝတ္ထုရဲ့ ဗီလိန်နေရာမှာနေရမဲ့အစား ငါသေပဲသေလိုက်တော့မယ်"

ဗီလိန်နေရာကလွတ်မြောက်အောင်ပြုလုပ်ခြင်းWaar verhalen tot leven komen. Ontdek het nu