"မဟုတ်တာအစ်ကိုရာ...ကျွန်တော်တို့နှစ်ယောက်က ချစ်နေကြတာကြာလှပြီ။အဲ့ဒါ သူက အစ်ကို့ကိုအားနာလို့ဘာမှမပြောတာနေမယ်။စိတ်ဆိုးစိတ်ကောက်နေကြတုန်း အခုလို ချက်ချင်းကြီးဖြစ်သွားတော့ အစ်ကိုလက်မခံနိုင်မှန်း...."

#ခွပ်

"မင်းပါးစပ်က ငါ့ကိုအစ်ကိုလို့မခေါ်နဲ့ဂျောင်ဂု!!။မင်းရဲ့အောက်တန်းကျတဲ့စကားတွေကိုငါကယုံမယ်ထင်နေလား။ကြည့်နေလိုက် ငါထယ်ယောင်းကိုပြန်ရအောင်ယူပြမယ်။"

တစ်ဖက်လူကယောကျ်ားသားတစ်ယောက်မို့ သူ့နှုတ်ခမ်းထောင့်ကသွေးအနည်းထွက်လာရသည်။ခပ်ကြမ်းကြမ်းသုတ်လိုက်ပြီး...

"ဒီမှာ မင်းလက်မခံလဲ ငါတို့ကနှစ်ဖက်မိဘတွေရှေ့မှာ တရားဝင်လက်ထပ်ရတော့မှာ။ပြီးတော့ ငါတို့နှစ်ယောက်က...ဟက်!...အိပ်ပြီးသွားပြီလေ။မင်းကဘာကိုထပ်ပြီးမျှော်နေတာလဲ...။မင်းပြန်ရအောင်ယူတော့ရော ငါ့ကအသာတကြည်လက်ခံပေးရမှာလား။ဆုတောင်းနေလိုက် ပက်ခ်ဂျီမင်း ငါကအကြီးတွေအငယ်တွေညှာနေမှာမဟုတ်ဘူး။"

"ဒီကောင်!!"

ထပ်ထိုးရန်ပြင်လိုက်ပြီး ဂျီမင်းလက်ရွယ်လိုက်တော့ ဂျောင်ဂုကသူ့လက်ကိုဖမ်းလိုက်ပြီး တွန်းထုတ်လိုက်သည်။ဟန်ချက်ပျက်သွားပြီး ခုံကိုကိုင်ထားရသည်။...

"ထပ်ထိုးမလို့လား။ထိုးလိုက်လေ !! ရတယ် ဒီတစ်ခါဆိုရင်တော့ ငါငြိမ်ခံနေမှာတော့မဟုတ်ဘူးဆိုတာ သတိပေးလိုက်မယ် ပတ်ခ်ဂျီမင်း!!! ပြီးတော့ မင်းရဲ့ထယ်ယောင်းက နူးညံ့နေတာပဲကွာ။မထိရက်မကိုင်ရက်လေး~"

လက်ညိုးငေါက်ငေါက်ထိုးကာပြောနေသော ဂျောင်ဂုအား ဂျီမင်းသတ်ပါသတ်ပြစ်ချင်နေပြီဖြစ်သည်။ပါးစပ်အရသာခံပြီးပြောနေပုံကို ဂျီမင်းတော်တော်ဒေါသထွက်နေပြီ။

"ကဲ~ ငါသွားတော့မယ်။ယောင်းက ကျောင်းမတက်ဘူးလေ။မင်းမျှော်နေမှာစိုးလို့ပြောပြတာ ဟုတ်ပြီလား။"

သူ့ရှေ့က ထွက်သွားသော ဂျောင်ဂုရဲ့ကျောပြင်ကိုဂျီမင်းတစ်ဆုံးလိုက်ကြည့်နေမိသည်။ဂျောင်ဂုပြောပုံအရ သူတို့နှစ်ယောက်အရင်ကတည်းကကြိုက်နေကြတာလား။
ဒါဆို ဘာလို့သူ့ကိုချစ်ခဲ့သေးလဲ။ဘာလို့ ကတိတွေပေးခဲ့သေးလဲ။ဘာလို့ စေ့စပ်ဖို့၊လက်ထပ်ဖို့အထိပါလုပ်ခဲ့သေးလဲ။

Be You, For Me [completed]Donde viven las historias. Descúbrelo ahora