chapter-10

4.1K 334 23
                                    

"မင်းဟာက ချစ်တာရောဟုတ်ရဲ့လားကွာ။သူများချစ်ခြင်းကိုအခုလိုကြီးလုပ်လိုက်တာကတော့ မင်းမကောင်းဘူးနော် ဂျောင်ဂု။"

"ကျစ်! ဟိုဆော့ရာ ငါသူ့ကိုသဘောကျတယ်။လိုချင်တယ်။ငါ့အတွက်ဖြစ်စေချင်တယ်။အဲ့ဒါက အချစ်ပဲလေ။"

"မဟုတ်ဘူး ဂျောင်ဂု..."

"ကျစ်! တော်တော့ဟိုဆော့ ငါစိတ်ရှုပ်လာပြီ။"

ဂျောင်ဂု ဟိုဆော့တို့နဲ့စကားပြောနေတုန်း Canteen ထဲကထွက်သွားသည့်ဂျီမင်းကိုတွေ့လိုက်ရသည်။အနိုင်ရပါပြီဆိုမှ ခနဲ့ချင်တဲ့စိတ်ကလေးကဖြစ်လာတာကြောင့် coke ဗူးကိုလက်ကကိုင်ပြီး ဂျီမင်းရဲ့နောက်ကိုလိုက်လာခဲ့လိုက်သည်။
ခုံတန်းပေါ်မှာ ထိုင်ပြီးတစ်နေရာကိုငေးနေတဲ့ဂျီမင်းကိုကြည့်ကာ ဂျောင်ဂုနှုတ်ခမ်းတစ်ဖက်တွန့်ရုံပြုံးလိုက်ပြီး အနားကိုသွားလိုက်သည်။

"မနက်ပိုင်း အတန်းချိန်မရှိဘူးလား။"

ဂျီမင်းတစ်ယောက်တည်း အတန်းတက်ချင်စိတ်မရှိတာကြောင့် ခုံတန်းမှာထိုင်နေလိုက်သည်။ဟိုရောက်ဒီရောက်တွေးနေတုန်း ဘေးနားအသံကြောင့် လှည့်ကြည့်လိုက်တော့...

"မတက်ချင်လို့။"

"အဟမ်း! ...ကျွန်တော်တို့တောင်းပန်ပါတယ်အစ်ကို"

"မလိုပါဘူး။မင်းကဘယ်ခြေလှမ်း လှမ်းပြီး၊ဘယ်လိုယုတ်မာမလဲဆိုတာ ငါမသိလိုက်လို့ပဲထားလိုက်ပါတော့။"

ဂျီမင်းရဲ့စကားကြောင့် ဂျောင်ဂုဒေါသထွက်ရသည်။လက်ထဲက coke ဗူးကိုညှစ်လိုက်တာ အအေးတွေတောင်လက်ပေါ်ဖိတ်ကျလာသည်။ဟုတ်တော့လည်းဟုတ်နေတာပဲလေ ကိုယ်တိုင်ကသူများရည်းစားကို အတင်းလုယူထားတာမလား။ဂျီမင်းမို့လို့ သူသာဆိုအခုလိုလက်ခံပေးဖို့နေနေသာသာ။

"ဟက်...ယုတ်မာတယ် ဟုတ်လား။ကင်မ်ထယ်ယောင်းက အိမ်ထောင်ရှိတဲ့လူတစ်ယောက်မှ မဟုတ်တာ။အဲ့တော့...."

"အဲ့တော့ ဒါ မင်းသက်သက်လုပ်တာမလား။"

မျက်လုံးတွေရဲတောက်နေပြီး ဒေါသမီးတွေပူလောင်နေသော ဂျီမင်းကိုဂျောင်ဂုသဘောတကျကြည့်နေသည်။သူ့ဘာသာနေတဲ့လူကို သူကလာပြီးခနဲ့နေတာမလား။ဘာဖြစ်ဖြစ် ကင်မ်ထယ်ယောင်းကသူနဲ့သက်ဆိုင်နေပြီဆိုတာ ဂျီမင်းသိရင်ပြီးတာပဲ။

Be You, For Me [completed]Where stories live. Discover now