"Happy birthday to you ....Happy birthday to you,,,,,Happybirthday dear Ko Ko Yan ...Happy birthday to you"

အသံလေးကြားလို့ဒရင်းဘတ်ပေါ်ကနေဆတ်ခနဲထလိုက်တော့ ခေါင်းပေါ်birthdayဦးထုတ်လေးဆောင်းကာ ကိတ်လေးကိုင်လျက်ဝင်လာတဲ့ မယ်မင်းလေး.....

"ငယ်လေး"

"ငယ်ဝင်လာတာမသိပဲ ဘာတွေ ဟိုဘက်လှည့်နေတာလည်း ဒီမှာကိုင်ထားတာညောင်းနေပီလေ"

သူစိတ်တွေညစ်ညူးနေတုန်း ပတ်ဝန်းကျင်ကိုအဆက်ပြတ်သွားတာမို့ ငယ်လေးတံခါးမကြီးဖွင့်သံတောင်မကြားလိုက်ပါ....

"ကိုကိုဆို"

"အော် အင်း"

သူမြန်မြန်ငယ်လေးနားလျှောက်လာလိုက်ကာ ငယ်လေးလက်ထဲက ကိတ်မုန့်ကိုပြောင်းယူကာအခန်းထဲက စားပွဲခုံပေါ်တင်လိုက်လေသည်....

"မြန်မြန်လာ ဖယောင်းတိုင်မီးထွန်းမယ်"

"ငယ်လေး ကိတ်က"

"ကိုကို့ မွေးနေ့အတွက်လေ "

"အာ ကိုကို တစ်ခါမှမွေးနေ့မှာ ကိတ်မခွဲဖူးဘူး"

"ဟမ် တကယ်ကြီး"

ငယ်မေးလိုက်တော့ ကိုကိုက လည်ဂုတ်လေးပွတ်သပ်ကာ ခေါင်းလေးတဆတ်ဆတ်ညိမ့်ပြလေသည်.....

"အဲ့တော့ ကိုကိုက ငယ်ယူလာတဲ့ကိတ်ကို မခွဲဖူးဆိုတဲ့သဘောလား"

"ငယ်လေးကလည်း မွေးနေ့မှာကိတ်ခွဲရမယ်ဘာညာသတ်မှတ်ချက်ရှိတာမှမဟုတ်တာ အခုငယ်လေးကိတ်ယူလာတာကို ခွဲပြီးစားလိုက်လည်းရတာပဲ"

"ကိုဆက်ကောင်းယံ ပြောလို့ပြီးပြီးလား"

ရာသီဥတုအခြေအနေက မဟန်တော့မှန်း ငယ်လေးမျက်နှာကို ကြည့်တာနဲ့သိသာပါသည်....

"ကိုယ့်အသက်အရွယ်ကြီးနဲ့ ဖယောင်းတိုင်မီးမှုတ်တာကြီးက မသင့်တော်ပါဘူး"

"ဟုတ်ကဲ့ပါ ပြင်ဆင်ပေးမိတဲ့ ကျွန်မမျိုးအမှားပါ ည၁၂နာရီထိုး အိပ်နေတဲ့လူကို နှိုးမိသလိုဖြစ်ပြီးရှုပ်မိတာကိုလည်း sorryပဲ ပြန်တော့မယ်"

အဲ့တော့မှ ဆက်ကောင်းယံက မီးဖိုချောင်က မီးခြစ်ကိုပြေးယူကာ ...

"မီးထွန်းဖို့ အသင့်ပဲငယ်လေး"

"မသင့်တော်ဘူးဆို"

ကျွန်မရဲ့ ရေဒီယိုDär berättelser lever. Upptäck nu