Part _6

23.4K 841 29
                                    

📻ကျွန်မရဲ့ ရေဒီယို📻
~~~~~~~~~~~~~~~~~~~~
Part _6

ထုံးစံအတိုင်းညရောက်တာနဲ့ ဖေဖေနဲ့မေမေရဲ့ သူအတွက် သတိုးသမီးရွေးချယ်ပွဲ....

ဖေဖေကလည်းတစ်ပြားမှ မလျော့သလို မေမေကလည်း မယ်မင်းမှမယ်မင်း ဟိုနေ့ကလည်း သူ့ကိုမတိုင်ပင်ဘဲ တစ်ယောက်တည်း မယ်မင်းမိဘတွေဆီသွားတောင်းလို့ သူ့ကို မယ်မင်းက စွတ်ကောသွားတာခံလိုက်ရသည်....

ဒီဟာလေးကို လုံးဝမကျေနပ် ဘာတဲ့ ရှင်ဖြစ်နေလို့ကို လက်မထပ်တာတဲ့....
ညစ်ညစ်နဲ့ မာမားဘွိုင်းလေးလုပ်ကိုပစ်အုံးမယ်.........

"သား နဲ့ မင်းနဲ့ နီလာစိမ်းအခြေအနေ"

ဒီနေ့တော့ ဖေဖေဟာ သူ့ကို မေမေရှေ့တင် နီလာစိမ်းနဲ့ကိစ္စကို​ ပြောတော့မှာထင်သည်....
ဒီကိစ္စကို အဆုံးသတ်ဖို့ကိုက သူဘဲရှိသည်.....

"ဘာအခြေအနေလဲ သား  သားဖေဖေဘာတွေပြောနေတာလဲ"

"မင်းသားနဲ့ နီလာစိမ်းက တွဲနေကြပြီ"

"ဟင်"

ဖေဖေကအစ ဒီလိုထင်နေမှာတော့ မယ်မင်းလိုဂေါက်ကြောင်လေးက ထင်နေတာ မထူးဆန်းတော့ပြီ.......

"ဒေါက်တာစိမ်းနဲ့ ကျွန်တော်က လုပ်ဖော်ကိုင်ဖက်အဆင့်ပါ ဖေဖေ တွဲနေတဲ့အဆင့်တော့ မဟုတ်ပါဘူး"

"အာ့ဆို သားက  ငယ်လေးကို သဘောကျတာလား"

"စန္ဒာမင်းက တစ်မျိုး "

"မေမေက လွင်လေးငယ်နဲ့ လက်ထပ်စေချင်ရင် သားလက်ထပ်ပါမယ် မေမေ"

"ဆက်ကောင်းယံ"

"မေမေသား အလိမ္မာတုံးလေး"

ဖေဖေနဲ့ မေမေဆီက ထွက်ကျလာတဲ့ လေသံနဲ့ စကားလုံးတွေက တစ်ခြားဆီ......
မင်းငါ့ကိုလက်ထပ်ရတော့မယ်ထင်တယ် မယ်မင်းရေ ဘယ်လိုလုပ်မလဲ........
_
_
_
_
_

မာမီနဲ့ဒယ်ဒီက ရုတ်တရက်ကြီး ယောကျာ်းယူဖို့ တိုက်တွန်းလာလေသည်....
လွင်လေးငယ်တစ်ယောက်အတော်အကြပ် ရိုက်နေလေသည်....

"မာမီ သမီးအသက်က အခုမှ ငယ်သေးတာကို မဖြစ်မနေယောကျာ်းယူရမယ့်အရွယ်မှ မဟုတ်တာ"

"ဒါပေမယ့် သမီးရယ် ဒီလိုလူကောင်းသူကောင်းရဖို့က မလွယ်ဘူး အခုဆို မာမီသမီးလေးကို လိုလိုလားလား တင်တောင်းယူနေတာ မာမီတို့ကငြင်းရအောင်အရူးတွေမှ မဟုတ်တာ"

ကျွန်မရဲ့ ရေဒီယိုWo Geschichten leben. Entdecke jetzt