လော့လင်းရှန်း လေသံက  ကျေနပ်နေသည့် လေသံသို့ ပြောင်းသွားပြီး သူက အလောတကြီး မေးလာသည်။

"အဲ့ဒါနဲ့?"

"အဲ့ဒါနဲ့ သူနဲ့များ ထပ်ဆုံမလားဆိုပြီး နောက်နေ့ ကော်ဖီဆိုင်ကို ထပ်သွားခဲ့သေးတယ်။ ဒါမယ့် ကံမကောင်းစွာနဲ့ပဲ......"

ရှီယွင်နန် လေသံမှာ ချီတုံချတုံဖြစ်နေပေမယ့်လည်း လော့လင်းရှန်းက အဖြေကို သိနှင့်ပြီးလေပြီ။

"ကံဆိုးချင်တော့ အကြီးအကဲလော့ သတင်းကြားတာနဲ့ ကိုယ်တန်းပြန်သွားရတယ်လေ။ အဲ့ဒါကြောင့် နောက်နေ့ ကိုယ် မလာနိုင်ခဲ့တာ"

"လော့လင်းရှန်း ကျွန်တော် အဲ့ဆိုင်ကို သဘောကျသွားရတဲ့အကြောင်းရင်းက ခင်ဗျားကြောင့်ပဲ"

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်နေရင်း တစ်ယောက်ခံစားချက်တွေကို တစ်ယောက် ရှင်းရှင်းလင်းလင်း နားလည်သွားကြသည်။

ရှီယွင်နန်က ခေါင်းလေးကို မော့ကာ သူ့ချစ်သူ၏ နှုတ်ခမ်းပါးပါးလေးကို အနမ်းပေးလိုက်တော့လေသည်။

"မွေးနေ့ပွဲမှာ အရက်မူးနေတုန်း ဆုံခဲ့တာပဲဖြစ်ဖြစ် ကော်ဖီဆိုင်မှာဆုံတာပဲဖြစ်ဖြစ်၊ ရှီအိမ်တော်မှာ ပထမဆုံး စတွေ့ခဲ့တာပဲဖြစ်ဖြစ် ကျွန်တော့နှလုံးသားကို လှုပ်ခတ်စေခဲ့တဲ့သူက ခင်ဗျားပါ။"

ဘယ်လိုပုံစံမျိုးနဲ့ ဘယ်နှစ်ကြိမ်ပဲဆုံခဲ့ဆုံခဲ့၊ ကျွန်တော်မျက်လုံးတွေက ခင်ဗျားကိုပဲ လိုက်ကြည့်နေခဲ့မိတယ်။

လော့လင်းရှန်း သူ့ချစ်သူ၏ နှုတ်ခမ်းလေးတွေကို ထိတွေ့ပွတ်သပ်နေရင်း အသက်ရှူမြန်လာတော့သည်။

"... တကယ်လား?"

"တကယ် " ရှီယွင်နန်ကလည်း ချစ်စိတ်ပြင်းသည့် အသက်ရှူထုတ်သံလေးနဲ့အတူ ပြန်ဖြေလိုက်၏။

အချိန်အတော်ကြာပြီးနောက်မှာတော့ မျက်နှာမမြင်လိုက်ရသည့် ထိုလူအား သူဆက်စောင့်မနေတော့ဘဲ တဖြည်းဖြည်း မေ့သွားခဲ့သည်။

ဒါ့အပြင်၊ သူ တရုတ်နိုင်ငံသို့ ပြန်ရောက်ပြီး လော့လင်းရှန်းနှင့် အတူရှိနေခဲ့သည့်နောက်ပိုင်းမှာလည်း တစ်ဖက်လူက ဝှီးချဲလ်ပေါ်မှာသာ အများဆုံးရှိနေခဲ့လေသည်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now