ကျိုးကျားယွီက အသိအမှတ်ပြုတဲ့သတိပေးမှုတွေကိုရရှိလာတယ် ။

ရှန်ရိချောင်ကပြောတယ်။

" မင်းသွားနားနိုင်ပြီ ၊ ငါဒါတွေဆေးလိုက်မယ် ။ "

သူနည်းနည်း ချီတုံချတုံဖြစ်သွားပေမယ့်လည်း လက်ခံလိုက်ပါတယ်။ သူဒီမှာနေတာက နေ့နဲ့ည တိုသလောက်ပဲ ဖြစ်လာမှာမှမဟုတ်တာ စည်းလုံးညီညွတ်စွာ တာဝန်‌ခွဲဝေယူခြင်းက အကြံဉာဏ်ကောင်းလို့ ခံစားရတယ် ။

နေ့လည်စာစားပြီးနောက် ညနေစာစားဖို့အ‌ချိန်ရောက်လာခဲ့ပြီ ။ သူ တမှေးမှေးပြီးတာနဲ့ အိပ်ယာမှထကာ‌ ဘယ်ဘက်ထောင့်စွန်းက စာကြည့်ခန်းဆီ သွားလိုက်တယ် ။

စာကြည့်ခန်းက အတော်ကြီးမားကာ စာအုပ်စင်များ ပါရှိမှုပမာဏက ကျိုးကျားယွီရဲ့ခေါင်းကို ပတ်ချာလည်အောင် ပြုလုပ်နိုင်တယ် ။ စာအုပ်တွေထဲမှာ မတိုင်ခင်မှသိထားတဲ့ 'The Book of Change ' နဲ့ 'Tui Bei Tu' ကို ကြိုက်တယ် ။ဒါပေမယ့် ဒီစာအုပ်‌တွေမှာရှိတဲ့ ဝိသေသလက္ခဏာတွေဟာ အရင်ကတစ်ခါမှ မကြားသိဖူးတဲ့အပြင် အကြောင်းအရာတွေကလည်း နှိုင်းယှဉ်လို့မရအောင်ပဲ ထင်ရှားနေတယ် ။ ဒါတွေကို ဖတ်ပြီးတဲ့အချိန်မှာတော့ သူ့ကိုယ်သူ မေးခွန်းတွေထုတ်မိလာပြီ ။

ဒါပေမယ့် ခြေသုံးချောင်းကျီးကန်းရှိလာချိန်မှာတော့ အဆင်ပြေသွားပါတယ် ။ ကျိုးကျားယွီရဲ့စိတ်ထဲမှာကျီပါးက တစ်ကြိမ်ထပ်ပေါ်လာပြီး ပဏာမ ဗဟု‌သုတ အခြေခံ တချို့ကိုသူ့ဆီ ဖြည့်စွက်ပေးတယ် ။ မျဉ်း (၆)ကြောင်းနဲ့ ဂမ္ဘီရ ပါ့ကွား( ၈ )ခု လိုမျိုး ၊ luopan နဲ့ တိုက်ရိုက်ဖွဲ့စည်းထားတဲ့ ပညာသင်ကျောင်းလို အရာမျိုး အစရှိသဖြင့်ပေါ့။

မျဉ်း(၆)ကြောင်းနဲ့ဂမ္ဘီရ‌ ပါ့ကွား(၈)ခု...

မျဉ်း(၆)ကြောင်းနဲ့ဂမ္ဘီရ‌ ပါ့ကွား(၈)ခု

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
My Five Element Lack You (MMtranslation)[Drop]Where stories live. Discover now