သူ၏ အမူအယာကိုကြည့်ပြီး ဥက္ကဌကုက သဘောကျသွားသည်။ သူက ရှင်းပြလိုက်သည်။

“ငါရဲ့လက်ထောက်ကတော့ ဒီလိုပဲကွာ။ သူက ရုပ်ကြမ်းပေမဲ့ စိတ်သဘောထားကတော့ နူးညံ့တယ်။ တကယ်တော့ သူက မင်းရဲ့ ပရိတ်သတ်အကြီးစားပဲကွ။ ပုံမှန်အားဖြင့် ထောင်အန်းက သေချာ ထိန်းသိမ်းတတ်တဲ့လူမျိုးပါ။ ဒါပေမဲ့ မင်းကိုမြင်တော့ စိတ်လှုပ်ရှားလွန်းပြီး အမူအယာ မထိန်းတတ်တော့တာပဲ”

ထောင်အန်းက ဆက်တိုက် ခေါင်းညိတ်နေသည်။ သူ၏အသံကပင် ကျားဟိန်းသံနှင့်တူနေသည်။ သူ၏ သန်မာသော လက်က ယွမ့်ထန်းနှင့် လက်ဆွဲနှုတ်ဆက်ပြီးသောအခါ သူက အော်ပြောသည်။

“လူကြီးမင်း.. လူကြီးမင်းယွမ့်.. ကျွန်တော် မင်းရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု တတိယမြောက်တစ်ခုကတည်းက စကြည့်ခဲ့တာပါ။ ရှေ့နှစ်ခုကိုလည်း ပြန်ကြည့်ခဲ့ပါတယ်။ တစ်ခုကိုမှ အလွတ်မခံခဲ့ပါဘူး။ ကျွန်တော်က ချက်ခန်းထဲမှာ စကားတော့ တစ်ခါမှ ဝင်မပြောဖူးပေမဲ့ ကျွန်တော် အမြဲတမ်း လက်ဆောင်တွေ ပို့ပါတယ်။ အခန်းမန်နေဂျာလို အများကြီးတော့ မဟုတ်ပါဘူး….”

သူက ခံစားချက်ကို ထိန်းပြီးနောက် မျက်ရည်များကို သုတ်ကာ ဆက်ပြောသည်။

“မင်းက တကယ်တော်တယ်။ ဘာကိုမဆို အရသာရှိတဲ့ ဟင်းတွေအဖြစ် ပြောင်းနိုင်တယ်။ မင်းက ဖန်တီးမှု နတ်ဘုရားပဲ။ မဟုတ်ဘူး အစားအစာ နတ်ဘုရားပဲ”

“ဒါနဲ့ ကျွန်တော်ရဲ့ အိုင်ဒီက ဝမ်ရှုပါ”

ကင်းကောင်လို လူငယ်လေးက ရှက်ရွံ့စွာ ခေါင်းကိုငုံ့ပြီး ယွမ့်ထန်းကို ဖြေးဖြေးချင်း ပြန်မော့လို့ သူ၏ တောက်ပသော မျက်ဝန်းနက်များဖြင့် ပြန်ကြည့်ကာ မေးသည်။

“ဒါက ရင်းရင်း… ရင်းနှီးသလို မခံစားရဘူးလား”

“ဟုတ်ကဲ့၊ ကျေးဇူးအများကြီးတင်ပါတယ်”

ယွမ့်ထန်းလည်း ရယ်ရအခက်ငိုရအခက် ဖြစ်နေသည်။ သူကလည်း ထိုအိုင်ဒီကို မှတ်မှတ်ရရရှိသည်။ အစပိုင်းတွင် ကြည့်ရှုသူ အလွန်နည်းသဖြင့် အိုင်ဒီတိုင်းကို သူက မှတ်မိနေခဲ့ခြင်းဖြစ်သည်။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now