ဧည့်ကြိုကောင်တာရှိရာ ဂိတ်တွင် ယွမ့်ထန်းက ဓာတ်လှေကားကတ်ကို လက်ခံံရရှိပြီး ၅၅ထပ်တွင်ရှိသည့် အခမ်းအနားများကျင်းပရာ ခန်းမသို့ သွားရန် ဓာတ်လှေကားထဲသို့ ဝင်လိုက်သည်။

“ရှောင်ထန်း လပြီလား”

ဥက္ကဌကုက အခြားသော စာဖိုမှူးများနှင့်အတူ ဟင်းလျာများအကြောင်း ဆွေးနွေးနေခဲ့ရာက ယွမ့်ထန်းကို မြင်လိုက်သဖြင့် အပျော်လွန်သွားကာ လှမ်းမေးလိုက်သည်။

“ဥက္ကဌကု မင်္ဂလာနံနက်ခင်းပါ”

ယွမ့်ထန်းက အပြုံးနှင့် နှုတ်ဆက်သည်။

“ဒါက ရွှယ်နင်၊ ခိုင်ဝမ်ကျဲ၊ ချန်ပင်းနဲ့ ထောင်အန်းတို့ပဲ၊ သူတို့အားလုံးက ငါတို့ရဲ့အဖွဲ့အစည်းက ထူးချွန် စားဖိုမှူးတွေပဲ”

ဥက္ကဌကုက ပြုံးကာ အခြားလူများနှင့် မိတ်ဆက်ပေးသည်။

“ဒါကတော့ ယွမ့်ထန်းပဲ၊ မင်းတို့ကို မိတ်ဆက်ပေးဖို့ လိုမယ်မထင်ဘူး”

ရွှယ်နင်က အဖွဲ့ထဲမှ တစ်ဦးတည်းသော မိန်းကလေးဖြစ်သည်။ သူမက အလွန်လှသော်လည်း ချဉ်းကပ်ရ ခက်ကာ အေးစက်သည်။ ဥက္ကဌကုက ယွမ့်ထန်းနှင့် မိတ်ဆက်ပေးနေချိန်တွင် သူမက ယွမ့်ထန်းကို လုံးဝမကြည့်ချေ။ ခိုင်ဝမ်ကျဲနှင့်ချန်ပင်းတို့က အသက်ကြီးပြီး အတွေ့အကြုံရှိသည့် စာဖိုမှူးကြီးများဖြစ်သည်။ သူတို့က ရင့်ကျက်ကာ တည်ငြိမ်ကြသည်။ သူတို့က မိတ်ဆက်ပေးခံရချိန်တွင် ခေါင်းညိတ်ကာ နှုတ်ဆက်ကြသည်။ ထောင်အန်းကမူ အငယ်ဆုံးလည်းဖြစ်သည့်အပြင် ဥက္ကဌကု၏ လက်ထောက်လည်းဖြစ်သည်။ သူက ယွမ့်ထန်း ဝင်လာကတည်းက စိုက်ကြည့်နေသည်မှာ သတိမပြုမိရန်ပင် ခက်ခဲသည်။

“ဟယ်လို”

ယွမ့်ထန်းက တောက်ပသော မျက်ဝန်းများကို ကြည့်ပြီး နှုတ်ဆက်လိုက်မိပြီးမှ တစ်ဖက်သူ သူ့အားမုန်းတီးရန် သူက တစ်ခုခုများ လုပ်မိသေးသလောဟု တွေးမိသည်။

“အာ ကျေးဇူးတင်ပါတယ်”

 ယွမ့်ထန်းက ကျေးဇူးတင်လိုက်သည်။

ထိုသို့ကျေးဇူးတင်ခံရသည့်အခါ ထောင်အန်း၏မျက်ဝန်းက ပို၍တောက်ပသွားသည်။ သူက ကြမ်းတမ်းသော ပုံသဏ္ဍာန်ကို ပိုင်ဆိုင်ထားသည်၊ ထိုကြောင့် သူက ယွမ့်ထန်းကို နူးညံ့ပြချင်လျှင်ပင် မလွယ်ချေ။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now