ရှီးခယ့်ယွဲ့က ဖန်အကာနား တိုးလာ၏။ သူ့မျက်လုံးကတော့ ရှီယွင်နန် လက်ချောင်းလေးတွေပေါ် စိုက်ကြည့်နေလျက်-  "လော့လင်းရှန်းသာ မင်းကို တကယ်ချစ်ရင် မင်းတို့ လက်ထပ်ပြီးတာတောင် ဘာလို့ လက်စွပ်မပေးရတာလဲ?"

"မင်း ပြောလို့ပြီးပြီလား?" ရှီယွင်နန်က သူရန်စတာကို အေးအေးဆေးဆေး လက်ခံလိုက်ပြီး ရယ်မောလိုက်တော့သည်။ "ငါ လော့လင်းရှန်းကို ယုံတယ်။"

"....."

ထို ရိုးရိုးရှင်းရှင်း စကားလုံးအနည်းငယ်ကပင် ရှီးခယ့်ယွဲ့၏ ဘဝင်ခိုက်နေသည့် စိတ်ကို ချိုးဖြတ်လိုက်လေသည်။

"ငါ့မှာ ယောကျ်ားကော အစ်ကိုကော အဘိုး၊ ဦးလေး၊ သူငယ်ချင်းကောင်းတွေကော ရှိတယ်၊ အာ  ပြီးတော့ နေ့တိုင်း လိုက်ကပ်တွယ်နေတတ်တဲ့ တူလေးတစ်ယောက်ပါရှိသေးတယ်။ချစ်ခြင်းမေတ္တာတွေ ဝန်းရံထားတဲ့ဘဝမှာ နေရတာက ဘယ်လိုခံစားရလဲဆိုတာ မင်းသိလား?"

ရှီးခယ့်ယွဲ့ ဆက်မပြုံးနိုင်တော့။

ရှီယွင်နန်က သူ့လက်လေးကို ဖန်အကာပေါ် တင်လိုက်ပြီး ရှေ့သို့ အနည်းငယ် ကိုင်းလိုက်သည်။

"ငါ မင်းကို ပြောဖို့ မေ့နေတာ ရှီရှန်းနဲ့ မင်းအတင်းဖားခဲ့ရတဲ့ အဘိုးကြီးက သိပ်မကြာသေးခင်ကပဲ ကုမ္ပဏီနဲ့ သူတို့ ပိုင်ဆိုင်မှုတွေကို ငါ့ဆီလွှဲပေးချင်နေတာလေ"

"မင်းနဲ့ ရှီမိသားစု မှောင်ခိုကိစ္စထဲပါမယ့် သတင်းကို မင်းပြိုင်ဘက်ဆီက ငါကြိုသိထားပြီးသား။ အဲ့ဒီ အမှိုက်သရိုက်ပိုင်ဆိုင်မှုတွေကို ငါစိတ်မဝင်စားတာတော့ နှမြောစရာပဲ။"

"....."

ရှီယွင်နန်က စကားဖြင့် ထိုးနှက်လိုက်တာကြောင့် ရှီးခယ့်ယွဲ့တစ်ယောက် အသက်ရှူကြပ်လို့နေသည်။

တစ်ဖက်လူက လျစ်လျူရှုပြလေလေ၊ သူလုပ်ခဲ့တာတွေက ဘယ်လောက်ရယ်စရာကောင်းလဲဆိုတာ ပြနေလေလေပင်။

"ရှီးခယ့်ယွဲ့ မင်းကိုယ့်ကိုယ်ကို ဝန်ခံဖို့ အချိန်ရောက်ပြီ။"

ရှီယွင်နန်က မတ်မတ်ပြန်ရပ်လိုက်ပြီး ကြွေးကြော်လိုက်တော့သည်။  "တကယ့် အရှုံးသမားစစ်စစ်က မင်းပဲ"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Donde viven las historias. Descúbrelo ahora