"........."

ရွှီလျန် ခဏလောက်တိတ်ဆိတ်သွား၏။ ထို့နောက် သူမမေးလိုက်သည်။

"ဘယ်လေဆိပ်လဲ?"

"ဘယ်နေရာရှိသေးလို့လဲ? Aမြို့တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာပေါ့"

"အမေပြန်လာတာလား အဖေကရော?"

"နင့်အဖေရဲ့ပရောဂျက်ကပြီးဖို့အတွက် လအနည်းငယ်လောက်ကြာဦးမယ် အဲဒါကြောင့် အမေတစ်ယောက်တည်းပဲပြန်လာခဲ့တာ၊ ဒါကလည်းနင့်အဖေလုပ်လိုက်တာပဲ.. သူက သမီးမှာကောင်လေးရှိတယ်ဆိုတာကိုကြားတော့ သူကငါ့ကိုပြန်သွားပြီးတစ်ချက်လောက်ကြည့်ဖို့အတွက်တိုက်တွန်းနေတော့တာပဲ"

ရွှီလျန် ".........."

ရွှီလျန် သူမပြန်မမေးခင် အတန်ကြာငြိမ်သက်သွားခဲ့သည်။

"အင်းပါ သမီး အခုအမေ့ကိုလာကြိုမယ်"

ဖုန်းချပြီးနောက် ရွှီလျန် သက်ပြင်းဖွဖွလေးချမိ၏။ ထို့နောက် ရှန့်ချန်ခုန်းထံဖုန်းခေါ်လိုက်သည်။

ကုန်တိုက်မှာလှည့်ပတ်လျှောက်နေစဉ် ရှန့်ချန်ခုန်းဖုန်းသံမြည်လာ၏။ ရွှီလျန်ခေါ်ဆိုနေကြောင်းကိုတွေ့တော့ သူ မြန်မြန်ဖုန်းကိုင်ပြီး မေးလိုက်သည်။

"ရွှီလျန် မင်းရောက်နှင့်နေပြီလား?"

"မရောက်သေးဘူး ရှင်ရော?"

"အာ ကိုယ်ကအခုလေးတင်ပဲရောက်တာ"

ရှန့်ချန်ခုန်း အချိန်ကိုကြည့်လိုက်သည်။ ရုပ်ရှင်မစခင် တစ်နာရီလောက်လိုနေသေး၏။

"အစောကြီးရှိပါသေးတယ် မင်းအေးအေးဆေးဆေးလုပ်ပါ"

ရွှီလျန် ပြန်ဖြေသည့်အချိန်တွင် သူမအသံကအလွန်အားတုံ့အားနာဖြစ်နေကာ

"ကျွန်မတောင်းပန်ပါတယ် ကျွန်မအမေကရုတ်တရက်ကြီးပြန်ရောက်လာလို့ သူမကိုလေဆိပ်မှာသွားကြိုရမှာ"

ရှန့်ချန်ခုန်း မျက်တောင်ခတ်လိုက်၏။ သူမအမေကပြန်ရောက်လာတာလား?

"ကိစ္စမရှိပါဘူး မင်းအမေကိုပဲအရင်သွားကြိုလိုက်ပါ၊ ကိုယ်တို့နောက်တစ်ခေါက်မှဒိတ်ကြတာပေါ့"

Slowly Falling For Changkong ( ဘာသာပြန် )حيث تعيش القصص. اكتشف الآن