"ဒါနဲ့​လေ သူ​ဌေးမင်းလည်း မြင်းပြိုင်ပွဲ​​တွေကို သ​ဘောကျတယ်ထင်​တယ်​နော်။ ကျွန်​တော်ပြိုင်တုန်းကလည်း သူလာကြည့်​သေးတယ်"

ထိုသို့​ပြော​နေစဥ် Antonပါးနှစ်ဖက် ရဲတွတ်သွားသည်အား Taehyungသတိမထားဖြစ်။ ည​မှောင်​နေတာလည်း ပါမည်။ အ​ရေးမစိုက်နိုင်တာလည်း ဖြစ်​ကောင်းဖြစ်လိမ့်မည်။

"အင်း။ ပြီး​တော့ သူက မြို့မျက်နှာဖုံး​လေ"

"​မော်စကိုမှာလည်း မြို့မျက်နှာဖုံး​တွေရှိပါတယ်။ ပြိုင်ပွဲအတွက် ​ငွေထုတ်​ပေးတာ​တွေဘာ​တွေရှိ​ပေမဲ့ ကိုယ်တိုင်ပွဲလာကြည့်တာ​တော့ ရှားတယ်"

"ဪ.."

"ဘာပဲဖြစ်ဖြစ် ဝါသနာတူတစ်​ယောက်ရှိ​နေတာ သိပ်​ပျော်ဖို့​ကောင်းတာပဲ"

Taehyungက Antonကို မျက်​မှောင်ကြုတ်၍ ကြည့်သည်။ Antonအ​နေနဲ့ Jeon JungKookကို အခု​လောက်ထိ အ​ကောင်းမြင်ရန်မလိုအပ်ဟု ယူဆသည်။ ဖြစ်မှဖြစ် မမြင်မကြည်တာကမှ ဖြစ်သင့်သေးသည်။ သူနဲ့ Jeon JungKook ​နောက်​ကြောင်းမှာ မင်္ဂလာပွဲပျက်ဖူးသည့်အဆင့်အထိ ရှိခဲ့ဖူးသည်။ ဒါကို Antonက သိသိရက်နဲ့ အခုလိုစကားထွက်နိုင်​သေးတာလား။ သူ့မှာ ယုံရမှာ​တောင် ခပ်ခက်ခက်။

Antonကို နှ​မြော​နေမိတာလား၊ ဘာကို နှ​မြော​နေမိတာလဲ သူကိုယ်တိုင်​တောင် မသိ​​တော့ပါ။

"သူ​ဌေးမင်းကြည့်ရတာ အရမ်းတည်ငြိမ်တာပဲ​နော်။ မလိုအပ်ဘဲစကားလည်း မ​ပြောဘူး"

"မင်းကိုယ့်ကို သူ့ရဲ့ချီမွမ်းခန်းဖွင့်​နေ​တော့မှာလား။ အဲ့တာထက် အိမ်မြန်မြန်ပြန်​ရောက်​အောင် လမ်းသာမြန်မြန်​လျှောက်စမ်းပါ"

"ဒါကအရှိကိုအရှိအတိုင်း​ပြော​နေတာပဲ​လေ။ ဘာလို့ မခံမရပ်နိုင်တုံ့ပြန်​နေရတာလဲ"

"မင်းသူ့အ​ကြောင်းဘယ်​လောက်သိလို့လဲ။ ​နောက်ခါ မင်းဆီက​နေ သူ့အ​ကြောင်း​ပြောတာ မကြားချင်ဘူး"

Taehyungက ​ဒေါနဲ့​မောနဲ့ ​ရှေ့က​နေလမ်းသွက်သွက်​​လျှောက်သွားလျှင် Antonတစ်​ယောက်တည်း အ​နောက်မှာ ကျန်ခဲ့သည်။

မကြာခင်လက်ထပ်ရ​တော့မည့် ကိုယ့်ရဲ့ခင်ပွန်း​​လောင်းကို စိတ်ပူလိုက်ဖို့ ​ကောင်း​ပေမဲ့ နည်းနည်း​လေးမှ စိတ်ပူတာမျိုး မခံစားမိပါ။

𝒀𝐞𝐬 𝒕𝐨 𝑯𝐞𝐚𝐯𝐞𝐧Όπου ζουν οι ιστορίες. Ανακάλυψε τώρα