"ဒီနေ့ကျွန်တော် လာတွေ့ရတဲ့အကြောင်းရင်းက မစ္စတာရှီ..ရှီမိသားစုရဲ့ပိုင်ဆိုင်မှုတွေကို လုံးဝဂရုမစိုက်ဘူးလားဆိုတာကို သေချာသိချင်လို့ပါ။ ဒီကိစ္စသာ ပေါ်သွားတာနဲ့ သေချာပေါက် ဘာကောင်းကျိုးမှ ရမှာ မဟုတ်ဘူးလေ။"

သူတဇွတ်ထိုး လုပ်လိုက်မယ့်အစား ဒီဆက်ဆံရေးကို ဖြတ်တောက်ဖို့ လဝက်အတွင်း ကိစ္စကို အသေးစိတ်စုံစမ်းပြီး ဆုံးဖြတ်ချက်ချတာကသာ အကောင်းဆုံးပင်။

ရှီယွင်နန် ယွီရှော့ စေတနာကို နားလည်ကာ တည်တည်ငြိမ်ငြိမ်ပဲ ပြုံးလိုက်သည်။ "ရှီမိသားစုနဲ့ အဆက်ဖြတ်ထားတာ ကြာပါပြီ။ သူတို့ပိုက်ဆံတွေကို စိတ်မဝင်စားခဲ့ဘူး။ အခုလည်း စိတ်မဝင်စားသလို နောက်လည်း ဘယ်တော့မှ စိတ်ဝင်စားလာမှာ မဟုတ်ဘူး။ "

"ဒါဆို ရှီကုမ္ပဏီကို မကာကွယ်သလို လိုလည်း မလိုချင်ဘူးမလား?"

ရှီယွင်နန် တည်တည်ငြိမ်ငြိမ်ပဲ ပြန်ကြည့်လိုက်ပြီး ပြန်ဖြေလိုက်သည်။ "ဟင့်အင်း ၊ ကျွန်တော် လုံးဝမလိုချင်ဘူး။"

"ဒါဆိုရင် စိတ်ပူစရာ မရှိတော့ဘူးပဲ"  ပြဿနာကြီးတစ်ခုကို ဖြေရှင်းလိုက်နိုင်သလိုမျိုး ယွီရှော့တစ်ယောက် ပေါ့ပေါ့ပါးပါး ရယ်ချလိုက်သည်။

"မစ္စတာယွီက ဒီအသေးအဖွဲ့ကိစ္စလေးကို အတည်ပြုဖို့ ရောက်လာတာလား?"

"အသေးအဖွဲကိစ္စ? မစ္စတာရှီ ခင်ဗျားရဲ့ သဘောထားကသာ ကျွန်တော့ အစီအစဉ်တွေရဲ့ ဦးစားပေး ဆုံးဖြတ်ချက်ပါ"

ယွီရှော့၏ မက်မွန်ပွင့်သဏ္ဍန် မျက်လုံးများမှာ တလဲ့လဲ့ တောက်ပနေ၏။ "အမှန်တိုင်း ပြောရရင် ကျွန်တော် ဒီတစ်ခေါက် ယွီမင်ကို ဆွဲချနိုင်တာနဲ့ ပထမဆုံးလုပ်မယ့် အရာက အင်ပါယာမြို့တော်မှာ လမ်းစအသစ်ဖောက်ဖို့ပဲ။"

ယွီရှော့၏ပထမဆုံးအစီအစဉ်မှာ ပြိုလဲကျမည့် ရှီကုမ္ပဏီကို ရယူရန် ဖြစ်သည်။

ရှီကုမ္ပဏီတွင် ပြီးပြည့်စုံသည့် စနစ်တစ်ခုရှိသည်။   အော်ပရေးရှင်းစည်းမျဉ်းများ နည်းနည်းစီ ပြောင်းလဲနိုင်သရွေ့ သူက ရှေ့လျှောက် အဆီအပြည့်ငါးကြီးတစ်ကောင်လို ဖွံ့ဖြိုးလာမှာပင်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now