ပိုင်လင် သူ့အား မျက်စိနှောက်သည့် အချိန်တွင် " ထွက်သွား " ဆိုသည့် စကားကို အသုံးပြုပြီး သူ လုပ်ရပ်များအား ဆန်ကျင်ချင်ချိန်တွင် " မလုပ်နဲ့ " ဆိုသည့် စကားလုံးကိုသာ သုံးသည် ။
အကြောင်းအရင်းမလိုသလို ၊ အကြောင်းပြချက်ပေးခြင်းမရှိ တဲ့ ထိုစကားနှစ်ခွန်းသည် သူ့လို လူအတွက်တော့ မခံမရပ်နိုင်ဖြစ်စရာပင် ။
သူ့ရှေ့ရောက်နေပြီဖြစ်သည့် ပိုင်လင်အား စိတ်ရှုပ်စွာ ကြည့်လိုက်သည် ။ ဒီကောင် အမြဲတမ်း ဘာလုပ်ချင်နေလဲဆိုတာ သူ နားမလည်နိုင်ဘူး ။ ဒီအချိန်မှာဘဲ သူခန္ဓာကိုယ်သည် ပိုင်လင်ထံသို့ ယိုင်ထိုးသွားရသည် ။
ပိုင်လင်သည် သူ့လက်ထဲက နက်ခ်တိုင် အား တင်းတင်းဆွဲလိုက်ရင်း နူတ်ခမ်းတောင့်စွန်းတစ်ဖက်က သိသိသာသာမြင့်တက်သွားသည် ။
ကုကျင်းဟန်သည် သူနှင့် အလွန်နီးကပ်နေသည့် ပိုင်လင်အား ကြည့်လိုက်သည် ။
အခုချိန် သူ့ရှေ့မှာ ရှိတဲ့ ပိုင်လင်ဟာ နတ်သား ဟန်ဆောင်ထားတဲ့ နတ်ဆိုးတစ်ပါးလိုမျိုး စွဲမက်ဖွယ်ကောင်းသလို မနှစ်မြို့ဖွယ်လည်း ဖြစ်တယ် ။ အနည်းငယ်တောင် စိတ်တ္တဇ ဆန်နေသေးရဲ့ ။
နီးကပ်လွန်းလို့ သူတို့ရဲ့ ဝင်သက်ဝင်ထွက်တွေက တစ်ယောက်မျက်နှာပေါ် တစ်ယောက် ရိုက်ခတ်နေတယ် ။ နက်ခ်တိုင်အား ဆွဲမော့ထားခြင်းကြောင့် ပိုင်လင်အား မော့ကြည့်နေရုံမှ တပါး သူလုပ်နိုင်တာ မရှိပေ ။
ပိုင်လင်သည် အနည်းငယ်ကိုင်းချလိုက်သည် ။ သူ့ အသက်ရှုသံများက ကုကျင်းဟန်၏ နားသို့ ထိခတ်သွားသည် ။
" လက်ထပ်ပွဲ ကြေညာမလို့ "
ပြီးနောက် လစ်ခနဲ ပြုံးလိုက်ကာ ‌ကုကျင်းဟန် အား ချန်ထားရင်း ထွက်သွားတော့သည် ။
ကုကျင်းဟန်သည် ထွက်သွားသည့် ကျောပြင်အား ကြည့်ရင်း သူ့နားအား လက်ဖြင့် အုပ်ကိုင်မိလိုက်သည် ။ အဲ့ဒီ အက်ရှရှအသံက သူ့နားမှာ အခုထိ စွဲကပ်နေပြီး ကြားယောင်နေတုန်းဘဲ ။ လူငယ်လေးတစ်ယောက်ရဲ့ အသံက ဘာကြောင့် အက်ကွဲပြီး လေးလံနေရတာလဲဆိုတာသာ သူ့ဦးနှောက်ကို စဉ်းစားမိစေတယ် ။