Arc.10.11
1.1K 192 1
ကုကျင်းဟန်သည် တရားမဝင်ကိစ္စများအား ဖုံးကွယ်ထားရသည့်အပြင် မူလက ထိုလုပ်ငန်းများအား ပိုင်လင်ထံမှ သိမ်းယူရန်စီစဉ်မှုသည်လည်း ပျက်ပြယ်သွားရသည် ။ ဒါ့အပြင် ကုမိသားစု ကုမဏ္ဍီသည်လည်း ပိုင်လင်လက်ထဲသို့ ကျရောက်သွားရသည် ။ ဥက္ကဌသည် ကုကျင်းဟန်သာ ဖြစ်ဆဲဖြစ်သော်လည်း ပိုင်လင်သည် အဓိကရှယ်ယာရှင် ဖြစ်သွားသည် ။
ထိုကိစ္စသည် တိုးတိုးတိတ်တိတ်သာ ဖြစ်သွားခဲ့ပြီး အပြင်လူများ မသိကြသဖြင့် အခမ်းအနားတွင်ဖြစ်ခဲ့သည့် ကိစ္စကသာ ရေပန်းစားနေလေသည် ။
ကျောင်းဝင်းထဲတွင် လမ်းလျှောက်နေသည့် ပိုင်လင်သည် လူအများ၏ အာရုံစိုက်စရာဖြစ်လာတော့သည် ။ ပိုင်လင်အကြောင်း ထပ်စုံစမ်းကြသည့်အခါ သူတို့အား အမြဲတမ်း ‌ငုံ့ကြည့်နေသည့် ထိပ်တန်းကျောင်းသား ဖြစ်ကြောင်း တွေ့ ရှိသွားကြသည် ။
ကြွယ်ဝသည့် အမွေပိုင်ပစ္စည်းများ ၊ ကောင်းမွန်သည့် အဆင့် ၊ ကုကျင်းဟန်လို ဘုရင်တစ်ပါးနဲ့တောင် စေ့စပ်ထားလိုက်သေးတယ်
ဘယ်လောက်တောင် မနာလိုစရာကောင်းလိုက်လဲ..
" နေပါဦး .. ပိုင်လင် ဝင်သွားတာ ကျောင်းဓာတ်ခွဲခန်းကြီးမလား .. ကျောင်းမှာ ပရောဂျက်တစ်ခုခုလုပ်နေတယ်လို့လဲ ငါမကြားမိပါဘူး "
မရေမရာရေရွတ်သံက မသဲမကွဲထွက်လာကာ လူတိုင်းကို စဉ်းစားခန်းဝင်သွားစေတော့သည် ။
ပိုင်လင်သည် ထိုအရာများအား မသိသလို ဂရုမစိုက်ပေ ။ သူက ဒီရက်ပိုင်းအတွင် ဖော်စပ်နေသည့် ပစ္စည်းသည် ပုံပေါ်လာသဖြင့် စိတ်လှုပ်ရှားနေတော့သည် ။ ပိုင်လင် ဆေးကျောင်းသားဖြစ်တာ ကောင်းသည် ။ မဟုတ်ရင် သူက တရားမဝင် ဓာတ်ခွဲခန်းကို အသုံးပြုဖို့ လိုအပ်လေသည် ။
သူ့လက်ထဲက အဖြူရောင် ဆေးလုံးလေးအား ကြည့်လိုက်ပြီး မျက်နှာထက်တွင်  ကြည်နူးမှုများ ဖြတ်ပြေးသွားတော့သည် ။
" မကြာခင် .. ကိုယ် မင်းကိုရှာတွေ့ တော့မယ် "
***
" ခေါင်းဆောင် .. ပစ္စည်းတစ်ခုရောက်လာလို့ "
ရှီးကျန်းသည် စာရွက်စာတမ်းများ ကြည့်နေရာမှ မော့ကြည့်လိုက်သည် ။ သူ့အကြည့်က သူ့အား ဒီလို နှောက်ယှက်ရလောက်သည့် ခိုင်လုံတဲ့အကြောင်းအရင်းကို ပေးရန်ပြောနေသည့်နှယ် ။