တစ်ချိန်တည်းမှာဘဲ သူမတို့၏ နှလုံးသားသည် မနာလိုမှုများနှင့် ခါးသက်သွားသည် ။ ကုကျင်းဟန်နဲ့ သူ့ရဲ့ မိန်းကလေးကိုလည်း အထင်သေးမိသွားကြသည် ။
ဒီ သစ္စာဖောက် စုံတွဲကတော့ ...
ဤသို့ဖြင့် ကုမိသားစု၏ အခမ်းအနားသည် ဟာသကြီးတစ်ပုဒ်နဲ့ တူလှပြီး သတင်းခေါင်းစည်းများ ထိတိုင်အောင် နာမည်ကြီးသွားလေသည် ။ ကုမိသားစုက ဘယ်လို ဖြတ်ချပါစေ ပြန်ပေါ်လာဆဲပင် ။
ထိုထက်ပိုသည်က ပိုင်လင်သည် အမျိုးသမီးများသာမက အမျိုးသားများ ကြားတွင်ပါ အတော်လေး ကျော်ကြားသွားသည် ။ ကုမိသားစု၏ ဂုဏ်သိက္ခာနှင့် ပိုင်လင်၏ ကျော်ကြားမှုက ပြောင်းပြန်အချိုးကျနေလေသည် ။
ကုအိမ်တော်တွင် ကုကျင်းဟန်သည် မည်းမှောင်နေသော မျက်နှာထားရှိနေပြီး အချိန်မရွေး ပေါက်ကွဲတော့မည့် ဗုံးသဖွယ်ပင် ။ သူသည် ဒေါသထွက်လွန်းလို့ တစ်ကိုယ်လုံး တစ်ဆတ်ဆတ်တုန်ယင်နေပေသည် ။ ပိုင်လင်၏ အင်္ကျီကော်လံအား  အားဖြင့် ဆုပ်ကိုင်ထားပုံက သူ့လက်သည် ကော်လံအစား လည်ပင်း ညစ်သတ်ချင်နေသည့် ပုံပင် ။
ပိုင်လင်သည် အေးစက်နေသည့် မျက်နှာထားနှင့် ဒေါသထွက်နေသည့် ကုကျင်းဟန်အား ကြည့်လိုက်ကာ နူတ်ခမ်းတွန့်ရုံလေး ပြုံးပြလိုက်သည် ။ သူ့အကြည့်များက လှောင်ရယ်နေသလို သူ့အပြုံးကလည်း ကုကျင်းဟန်ကို ပျက်ရယ်ပြုနေသည် ။
အဓိကစနစ်မှ မည်သည့် အသိပေးချက် ၊ မည်သည့် တုန်ပြန်မှုမှ မရ‌ပေ ။ သို့သော် ထိုသည်က အဓိကစနစ် ပျက်သွားသောကြောင့် မဟုတ်ပေ ။ အဓိကစနစ် မတုန့်ပြန်ခြင်းက သူသည် ပိုင်လင်၏ အပြုအမှုအတိုင်း သရုပ်ဆောင်နေ‌နိုင်လို့ဘဲ ဖြစ်သည် ။
ဟုတ်တယ်.. ပိုင်လင်ရဲ့ အပြုအမှုအတိုင်း ...
ပိုင်လင်က ဇာတ်ကြောင်းမှာရော အများအမြင်မှာပါ ရုပ်သေးတစ်ခု ၊ စက်ရုပ်တစ်ခုလို ဖြစ်နေပေမဲ့ ထိုအရာအားလုံးက သရုပ်ဆောင်နေခြင်းသာ ။ သူသည် အရည်အချင်းရှိသည့် သရုပ်ဆောင်တစ်ယောက်လိုမျိုး သရုပ်ဆောင်နေခဲ့တာဖြစ်တယ် ။
သူသရုပ်ဆောင်တဲ့ နေရာက တကယ့်ဘဝမှာ ဖြစ်နေတာလေး တစ်ခုပါဘဲ ။