လွမ်းတဲ့နေ့

612 40 0
                                    

  သူ့အပြုံးလေးပွင့်တဲ့အချိန်တိုင်း နွေဦးရာသီတခုခပ်ဖြေးဖြေးချင်း ဖြစ်တည်လာသလိုခံစားရတယ်။မေ့ဖျောက်ထားစရာ ဒဏ်ရာတွေကိုမှ ရင်နဲ့အပြည့်လွယ်ထားတတ်ပြီး ကံတရားကို အယုံမကြည်မရှိတဲ့ကျနော့်အတွက် ကံကောင်းစေတဲ့ယတြာလေးများလားလို့ ယုံကြည်သက်ဝင်မိတဲ့အထိ ထုထည်ကြီးမားတဲ့လုံခြုံနွေးထွေးမှုလေးဖြစ်ပါတယ်။အဆင်မပြေထိခိုက်ဒဏ်ရာရတဲ့အခိုက်အတန့်တွေမှာ ပြေးပုန်းချင်မိတဲ့ချောင်လေးတစ်ခုလည်းမမှားပါဘူး။ကံကောင်းခြင်းတွေအကုန် သူနဲ့ ဆုံတွေ့ခွင့်ရဖို့ သုံးစွဲခဲ့မိတာမျိုးပဲဖြစ်ပါလိမ့်မယ်။သိပ်ရှည်ကြာခဲ့တဲ့ မြေနီလမ်းကလေးဆိုပေမယ့် ဒီလမ်းအဆုံးမှာ ကျနော့်ဘဝရဲ့ ပန်းပွင့်ကလေးကို ရှာဖွေတွေ့ရှိခဲ့တယ်။ပြီးတော့အမြဲ လွမ်းနေမိမယ့်ရေစက်လေးဆိုတာလည်း သေချာနေခဲ့ပါတယ်။

#Ume_Sue

လွမ်းတဲ့နေ့Where stories live. Discover now