(၇)

147 12 0
                                    

တိမ်ထူတဲ့နေ့တစ်နေ့အကြောင်း


တိမ်ထူတဲ့နေ့တွေဆို မပို့ဖြစ်တဲ့ပေးစာတွေ ပိုများလာတတ်တာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်လာတယ်ပဲဆိုပါတော့။ ဒီနေ့ ဆရာအောင်ချိမ့်ရဲ့အသစ်ထွက်တဲ့ကဗျာစာအုပ်လေး မှာထားတာအိမ်ကိုရောက်လာကတည်းက သူ့အကြောင်းဆက်တိုက်တွေးနေမိတာကစလို အတွေးတိမ်တွေနယ်ချဲ့တော့တာပဲ။အခုနောက်ပိုင်း တကယ်လို့ တစ်ယောက်,ယောက်က သူ့ကိုသိလားမေးလာခဲ့ရင် အရင်ကတော့ သိပါတယ်ဆိုတဲ့ အဖြေကလွဲရင် ဖြေစရာမရှိတော့တဲ့ အခိုက်အတန့်တွေ ပိုများလာတယ်။ဆောင်းရာသီပုံပြင်လေးတစ်ပုဒ်လို့ ထင်ခဲ့တဲ့ မှတ်ဉာဏ်အပိုင်းအစတွေဟာလည်း အခုပြန်တွေးကြည့်တဲ့အခါ ကိုယ်တစ်ယောက်တည်း တစ်ဖက်သတ်ဖန်တီးမက်ယူခဲ့တဲ့ အိပ်မက်လေးဖြစ်လာပြီး ဒီအိပ်မက်လေး ဖြည်းဖြည်းချင်း အရောင်လွင့်လာတာကို ဘာမှမတတ်နိုင်တော့ပဲ ထိုင်ငေးနေရတယ်။ဒီခံစားချက်က ဘာနဲ့တူလဲဆိုတော့လေချစ်သူအတွက်ရယ်လို့ ရည်ရွယ်တွေးရင်း ပန်းပင်လေးတွေ ပန်းတစ်ခင်းစာပျိုးခဲ့ပြီးမှ ကိုယ်စိုက်ခဲ့တာ ကိုယ်နှလုံးသားပေါ်တည့်တည့်ဖြစ်နေမှန်း သိလိုက်ရသလိုမျိုး တရက်ပြီးတရက် ပျိုးခဲ့မိသမျှ ပန်းခရမ်းပြာတွေ တပင်ချင်းနေ့စဉ်ဆွဲနှုတ်ရင်း ဒီစိတ်နဲ့ ကျရှူံးရင်း ကြေကွဲရင်းကုန်ဆုံးသွားသလိုမျိုး...အဲ့ဒီလိုအခြေအနေမျိူးပါ။

တိမ်ထူသည်ဖြစ်ဖြစ် မထူသည်ဖြစ်ဖြစ်
ဒီလူဟာ မှတ်ဉာဏ်ထောင့်စွန်းမှာ မကြာခဏ
ဝင်တိုးတိုက်မိနေမယ့် စားပွဲထောင့်စွန်းလေး ရင်းနှီးခဲ့တဲ့ သူစိမ်းလေးဖြစ်နေဦးမှာကို လက်သင့်ခံရခက်ပေမယ့်လည်း သတိရပါတယ်။ တကယ်ကို အများကြီး အများကြီး...ပါ။

လွမ်းတဲ့နေ့Where stories live. Discover now