"အသိဥာဏ်နဲ့ကိုယ်ကျင့်တရားလေ၊တကယ်လို့အဲ့ဒါတွေသာမရှိတော့ရင်သူကလူမဟုတ်ဘူးတိရစ္ဆာန်ပဲ၊အချစ်ဆိုတာ တားမရဘူးဆိုပေမဲ့ကိုယ်စိတ်အတိုင်းလိုက်လုပ်နေရင်တိရစ္ဆာန်နဲ့ဘာကွာတော့မလဲအကိုရယ်"

NoahမှာLucasရဲ့'တိရစ္ဆာန် တိရစ္ဆာန် 'ဆိုတဲ့စကားတွေကြောင့်လက်တွေတုန်လာတဲ့အထိကိုဒေါသထွက်လာတော့သည်၊ဒါပေမဲ့သူါဒေါသကိုထုတ်မပြရဲသူ့ရဲ့ပုံစံအစစ်မှန်ကိုသိသွားကြမှာဆိုးသည်

Liamမှာလဲသူ့ဘဝမှာဘယ်သူကမှသူ့ကိုဒီလောက်သူ့ကိုပြောဆိုဖူးတာမကြုံဖူးသေး၊ပြောတဲ့သူကလဲသူ့ကိုအရင်ကငမ်းငမ်းတက်ချစ်ပြီးသူ့နောက်ကိုအရိပ်လိုလိုက်ကပ်နေတဲ့သူဖြစ်နေသည်

ဘေးကလူတွေကတော့Lucasစကားကိုထောက်ခံကြသည်၊လူ့ပတ်ဝန်းကျင်မှာကျင့်ဝတ်ရှိကြသည်၊သူတို့ကကျောင်းသားတွေဆိုပေမဲ့ခုရွယ်ကတည်းကသူ့တို့မိဘတွေရဲ့ဆိုဆုံးမမူနဲ့ဆရာတွေရဲ့သွန်သင်ကြသည်၊သူတို့ဆိုးသွမ်းသော်လည်းမမိုက်မဲကြပေ၊

ကျောင်းသားတွေကလဲနောင်တချိန်လူကြီးဖြစ်လာမှာပင်၊ဒီအရွယ်ကတည်းကကျင့်ဝတ်မရှိရင်နောင်တချိန်မှာတော့ကျင့်ဝတ်မရှိမှုကအကျင့်လိုဖြစ်သွားမှာပင်

Noahမှာဘေးကလူတွေရဲ့အထင်သေးရှုံ့ချတဲ့အကြည့်တွေကြောင့်တုန်ယင်လာသည်၊သူ့ရဲ့တုံးအပြီးအရာရာနှုတ်ပိတ်နေတတ်တဲ့ညီလေးကဘယ်တုန်းကလျှာစောင်းထက်လာတာလဲ

"Lucasမင်းအကို့ကိုစိတ်ဆိုးနေတာသိပါတယ်၊ဒါပေမဲ့Liamကိုအဲ့လိုမပြောသင့်ဘူးလေ၊အကို့ကိုမင်းကြိုက်သလိုပြောလို့ရပါတယ်..ရွှတ်..ရွှတ်"
တရွှတ်ရွှတ်ငိုနေတဲ့ဇာတ်လိုက်ရဲ့မျက်နှာကြည့်ပြီးLucasအောဂလီဆန်လာသည်

Liamမှာသူ့ချစ်သူလေးကသူ့အပေါ်ကာကွယ်ပေးမှုကိုမြင်ပြီးရင်ထဲခံစားသွားရတော့သည်၊
"Noahကိုယ့်အတွက်မင်းဘယ်သူ့ကိုမှတောင်းပန်ပေးစရာမလိုဘူးLucasမင်းအကို ကိုဘယ်လိုဆက်ဆံနေတာလဲမင်းအကိုကမင်းအပေါ်ကောင်းတာကိုဘာလို့မမြင်နိုင်ရတာလဲ၊မင်းကငါမင်းအပေါ်ပိုရွံလာအောင်လုပ်နေတာပဲ"

Lucasမျက်စံတောင်လှန်ပြချင်လိုက်တော့သည်
"မင်းငါ့ရွံရွံမုန်းမုန်းငါကဂရုကိုမစိုက်တာ
ဘာလို့ဆိုတော့မင်းလိုကောင်မျိုးကငါ့အတွက်အရမ်းအရေးပါနေတာမှမဟုတ်တာ၊ဒါပေမဲ့မင်းကငါ့ကိုရွံဖို့အတွက်ဘာအရည်အချင်းရှိနေလို့လဲ"
LiamမှာLucasစကားတွေကြောင့်ဒေါသတွေထွက်လာပြီးLucasအရှေ့ကိုသွားပြီးလက်သီးနှင့်ထိုးလိုက်သည်

System WhiteWhere stories live. Discover now