Part 21

1.3K 62 4
                                    

" ရှောင်ကျန့်ရှင်မယုတ်မာနဲ့ အဲ့ဗီဒီယိုဖိုင်အခုဖျက်ပေး "

ကျင်းသခင်မလေးမှာဒေါသထွက်လွန်း၍
မျက်နှာများနီရဲနေချေပြီ။မုန်းလိုက်တာ ။အေးစက်စက်ပြုံးနေတဲ့အဲ့ဒီမျက်နှာပေး။သူမကဘာလို့အရှုံးတွေနဲ့ဘဲကြုံတွေ့နေရတာလဲ။သူမမရှုံးချင်ဘူး။သူမအစ်ကိုဖြစ်သူရဲ့တစ်ချက်လွတ်အမိန့်တွေအောက်မှာသူမကျရှုံးခဲ့ရပြီးပြီ။ဝမ်ရိပေါ်ဆိုတာ သူမအတွက်နောက်ဆုံးအားကိုးရာကောက်ရိုးမျှင်။ဘယ်နှနှစ်များရှိခဲ့ပြီနည်း။စိတ်မလုံခြုံမှုများစွာနှင့်သူမကျင်းအိမ်တော်တွင်ရှိနေခဲ့သည်မှာ သူမအစ်ကိုလူပျိုဖော်ဝင်ကာစကာလမှစတင်ခဲ့လေသည်။အထက်တန်းကျောင်းသူသာရှိသေးသည့်သူမ၏အပျိုစင်ဘဝကိုရယူခဲ့သူအစ်ကိုဖြစ်သူ၏မျက်နှာကြည့်၍ရှင်သန်ခဲ့ရသည်။အဖေတူအမေကွဲသည့်သူမတို့မောင်
နှမမှာငယ်စဉ်ကတည်းကလက်ပွန်းသတီးမနေခဲ့သည့်အတွက်သူမအစ်ကိုအားသူမကြောက်ခဲ့ရသည်။

သူမအစ်ကိုတွင်ကလေးတစ်ယောက်၏အမူ
အကျင့်များသူမသိပ်မတွေ့ခဲ့ရပါ။သူမသိ
တတ်စအရွယ်ကတည်းကသူမအစ်ကိုနှင့်ဝေးဝေးနေဖို့သူမကိုယ်သူမသတိပေးခဲ့ရသည်။သူမ၏မိခင်ရင်းဟုထင်မှတ်ထားခဲ့သောမားမှာမိခင်ရင်းမဟုတ်ကြောင်းပါးနှင့်မားကတောက်ကဆဖြစ်စဉ်ကသူမသိခဲ့ရသည်။
သို့သော်မိထွေးဖြစ်သူကျင်းကတော်မှာသူမအားသမီးအရင်ကဲ့သို့ဂရုစိုက်ကာချစ်ပေးရှာသည်။မတော်တဆမှုတစ်ခုကြောင့်သား
သမီးမရနိုင်တော့သည့်မားမှာသမီးမိန်းက
လေးလိုချင်လွန်း၍ပါးဖောက်ပြန်ပါသော်လည်းကြည်ဖြူစွာခွင့်ပြုပေးခဲ့သည်။သူမအားထိုအကြောင်းအရာများအားပြောပြခဲ့စဉ်ကသူမမယုံကြည်နိုင်ခဲ့ပါ။မားကသဘောထားပြည့်ဝလွန်းသည်လားဟုသူမတွေးခဲ့မိသည်။

ပါးနဲ့မားအရင်းဘာကြောင့်ကွာရှင်းခဲ့သည်ကိုသူမမသိပါ။သို့သော်ပါးသည်လည်းမားအားလိုက်မရှာခဲ့သလို သူမလည်းမမေးခဲ့ပါ။တော်ပြီလေသူမအားသမီးအရင်းကဲ့သို့ချစ်ပေးတဲ့မားရှိနေပြီဘဲ။သူမအတွက်အိပ်မက်ဆိုးတွေကအထက်တန်းတွင် ရှောင်ကျန့်ဆိုသည့်နာမည်တစ်ခုနှင့်စတင်ခဲ့သည်။သူမအစ်ကိုဆန္ဒရှိတိုင်းဖြည့်ဆည်းပေးခဲ့ရသော်လည်း ကျန့်ငယ်ဟူသည့်အမည်ဖြင့်သာပြီးဆုံးစေခဲ့သည်။ထို့ကြောင့်လည်းသူမရှောင်ကျန့်အားအလွန်မုန်းတီးခဲ့မိသည်မှာသူမ မလွန်ဟုတွေးမိပါ
သည်။

မောင့်ကိုချစ်ဖို့မွေးဖွားလာပါတယ် ( Born To Love You Mg )Where stories live. Discover now