ကြင်စဦး [ Unicode ]

4.4K 195 12
                                    

ဖြူစွတ်နေတဲ့ အိပ်ရာခင်းရဲ့အလယ်မှာ အသဲပုံသဏ္ဍာန်ဖြန့်ကြဲထားတဲ့ နှင်းဆီပွင့်ဖက်တွေကိုကြည့်ရင်း မြူးပါးလေးတွေပူထူလာသည်။

ဒီနေ့ညက ကိုကိုနဲ့မြူးရဲ့ မင်္ဂလာဦးည။ လက်ထပ်ပွဲကျင်းပပြီးနောက် ပြင်သစ်မှာပဲ တစ်ပတ်လောက်ဆက်နေဦးမည် ဖြစ်သည်။ မိဘတွေနှင့် ဧည့်သည်များကတော့ ကိုကိုစီစဉ်ပေးထားတဲ့လေယာဉ်နဲ့ပြန်သွားကြပြီ ဖြစ်၏ ။

ရေချိုးခန်းထဲက ရေကျသံတစက်စက်က မြူးကိုရင်တုန်စေသည်။ ဘာလုပ်ရမှန်းမသိတာကြောင့် အိပ်ရာစွန်းပေါ်မှာခပ်ဖွဖွဝင်ထိုင်လိုက်ပြီး နှင်းဆီပွင့်ဖတ်လေးတွေကို အသာတို့ထိနေလိုက်သည်။

'' မြူးငယ် ''

ခပ်သြသြလေသံက မြူးနားထဲသက်ရောက်လာပြီး အနက်ရောင် Bathrobe နဲ့ကိုကိုက မြူးအနားလျှောက်လာသည်။ ခေါင်းလျှော်လာတာကြောင့် ကိုကို့ဆံပင်ပေါ်က ရေစက်က မြူးလက်ဖမိုးပေါ်ကျရောက်လာ၍ တုန္ခနဲ ဖြစ်သွားရသည်။ တကယ်ဆို ဒီလောက်လန့်စရာလည်း မပါပါပဲ... ။

'' ကိုကိုပြီးရင် မြူးရေချိုးတော့မယ်နော် ''

မျက်နှာကလေးရဲလျက် ရေချိုးခန်းထဲပြေးဝင်သွားသော အဖြူရောင်အနောက်တိုင်းဝတ်စုံနဲ့ကောင်လေးကိုကြည့်ရင်း ခက်ထည်ခပ်ဖွဖွရယ်လိုက်မိသည်။ Hotel ဘက်ကအသင့်စီစဉ်ပေးထားသော အနီရောင် couple ပိုးသားညဝတ်ဝမ်းဆက်ကိုယူဝတ်လိုက်ပြီး ကောင်လေးအတွက်ပါ အသင့်ထုတ်ထားပေးလိုက်သည်။

ဝရန်တာတံခါးကိုဖွင့်လိုက်ကာ လက်ရန်းပေါ်လက်တင်ကာ Paris မြို့ရဲ့ညရှုခင်းအလှကိုခံစားမိသည်။ ရင်ထဲမှာလည်း ဝေခွဲမရတဲ့ ခံစားချက်တွေနဲ့။

သိပ်မကြာ..ခါးတစ်ဝိုက်မှာခံစားလိုက်ရသော တင်းကြပ်ကြပ်အထိအတွေ့နဲ့ အတူ ကျောပြင်မှာ ပါးအပ်လိုက်ပုံရသော ခပ်အိအိခံစားချက်လေးကို သိလိုက်ရသည်။ ခါးမှာသွယ်ယှက်ထားသော လက်ဖြူဖြူလေးနှစ်ဖက်ကို ခက်ထည်လက်တစ်ဖက်နဲ့ကိုင်လိုက်ပြီး ကိုယ်ကိုအနောက်လှည့်လိုက်ကာ ကောင်လေးရဲ့ခန္ဓာကိုယ်လေးကို ရင်ခွင်ထဲဆွဲထည့်လိုက်၏ ။

'' ဘာတွေ တွေးနေတာလဲ ကိုကို ''

'' မြူးငယ်အကြောင်းတွေပေါ့ ''

Agent of JoyWhere stories live. Discover now