The diary(part31)

Comincia dall'inizio
                                    

"ရှောင်းက.....သိပ်ခေါင်းမာတာပဲ"

လန်ယွင်ဟန်ရဲ့စကားသံတိုးသဲ့သဲ့ က စိုးရိမ်မှု
ပြည့်နေပုံပင်။

"အားဟန် ကောင်လေးကိုနှိုးလိုက်တော့ အိပ်တာကြာနေပြီ ခေါင်းကိုက်မယ်"

"ဟမ်....ဪဟုတ်ကဲ့.....ရှောင်း....ရှောင်းငယ်လေး ထတော့နော် အိပ်တာလဲကြာနေပြီကို..."

"ဟင့်......"

တိုးသဲ့သဲ့ငြီးသံလေးသာကြားရပြီးမျက်လုံးတွေကပွင့်မလာသေး။ဒီကောင်လေးကအအိပ်ပုတ်တာပဲ။

"ရှောင်းကျန့်......ထတော့လေ ခေါင်းကိုက်မယ်ကလေးလေး ကိုယ်ပြောတာကြားလား"

ဘယ်လိုနှိုးနှိုးကောင်ငယ်လေးကနှစ်ခြိုက်စွာအိပ်နေလျှက်ပါပဲ

"ကောင်လေး..... ကောင်လေး..... ထတော့နော်....မိုးချုပ်နေပြီ..... ကိုယ်တော့သွားရမယ်နေရာရောက်ပြီမို့ထပြီးလမ်းလျှောက်တော့နော်"

"ဟင်....အင်းးးရောက်ပြီလား"

မင်ဟန် နှိုးမှနိုးလာလေတဲ့ချစ်ရသူရဲ့ခေါင်းကိုလေ ရိပေါ်ခပ်နာနာလေးသာခေါက်ပစ်လိုက်ချင်ပါသည်။သဝန်တိုတယ်ဆိုတာမသိလေရော့သလား။ရိပေါ်အတွေးတို့မဆုံးခင်သူ့လက်တွေကချစ်ရသူလက်ချောင်းသွယ်သွယ်တွေကိုဖမ်းကိုင်ထားလျှက်ရှိနေပြီ

"ဘာလို့ အဲ့လောက်ထိမျက်လုံးကိုပွတ်နေတာလဲ မင်းမျက်လုံးပိုနာမှာပေါ့"

"ပိုတယ်"

"ဘာ!!!"

"မအော်ပါနဲ့ နှလုံးရောဂါရတော့မှာပဲ"

"ကောင်လေး"

"ဗျာ...အကို"

"ဟိုးးးရှေ့နာမှာပန်းခင်တစ်ခုရှိတယ်သိလား အကျယ်ကြီးပဲ ကောင်လေးသဘောကျရင်အကိုကားရပ်ပေးမယ်"

"အကိုပြောတော့ ကျွန်တော်တို့သွားရမဲ့နေရာရောက်ပြီဆို"

"ကောင်လေးအကြာကြီးအိပ်နေလို့အကိုနှိုးတာလေ ရိပေါ်တောင်ရှေ့ခန်းကနေခုံပေါ်နောက်ပြန်ကြီးထိုင်ပြီးနှိုးနေတာကြာပေါ့ ကောင်လေးနိုးလို့လား ဟမ်!အိပ်ပုတ်လေး"

"အကိုကလဲ....."

ဆူပုပ်ပုပ်လေးပြောလာတဲ့ချစ်ရသူကသိပ်အသည်းယားဖို့ကောင်းနေပါသည်....သို့သော်
ကိုယ့်ကြောင့်ထိုအမူအယာဖြစ်သွားတာမဟုတ်တော့မကျေနပ်နိုင်......ရိပေါ်အတ္တကြီးပါသည်။

the diary(complete)Dove le storie prendono vita. Scoprilo ora