⛩️(5)𝒁𝒂𝒘𝒈𝒚𝒊⛩️

916 125 2
                                    


အင်းဝခေတ်က ကညာပျို
အပိုင်း (၅)

"သမားတော်ကြီး
ကျုပ် ဖြေဆေးရလာပြီ"

သမားတော်ကြီးက စဝ်ခွန်သ လက်ထဲကဆေးပုလင်းကို ရိုသေစွာ ယူကြည့်လိုက်ရင်း

"ဆေးကလဲ ဆေးရည်ဖြစ်ပြီး
သူငယ်လေးကလဲ မေ့မျောနေတာမို့
ဆေးတိုက်ဖို့က ..."

သမားတော်ကြီးက ပြောဖို့တွန့်ဆုတ်နေ၏။ဆက်မ​ပြောသော်လဲ စဝ်ခွန်သ နားလည်သည်။

"ကျုပ်သိပြီ အကုန်..
ဟ်ုဘက်လှည့်နေကြ"

ရံရွှေတော်များနှင့် သမားတော်ကြီး ဟိုဘက်လှည့်သွားမှ စဝ်ခွန်သ ဆေးရည်ကို ငုံကာ
ထိုကောင်လေး၏ ဖြူဖျောဖျော့ နှုတ်ခမ်းပါးတွေဆီ ဖိကပ်လိုက်သည်။

ဆေးရည်တို့ကို ကောင်ငယ်လေး၏ နှုတ်ခမ်းလွှာကြားမှ ဖြည်းဖြည်းချင်း စီးဝင်စေကာခဏကြာသည်အထိ သူ့နှုတ်ခမ်းပါးတို့အား ကောင်ငယ်လေး၏ နူးညံ့သောနှုတ်ခမ်းနှစ်လွှာထက် ဖိကပ်ကာ အလုပ်များစေ၏။

ဆေးဝင်သွားတာ သေချာတော့မှ လွတ်ပေးလိုက်လျှင် သူ့ပါးစပ်ထဲ၌လဲ ဆေးရည်၏ အခါးဓာတ်တစ်ချို့နှင့်အတူ ထိတွေ့လိုက်ရသော နှုတ်ခမ်းပါးလေးတို့မှ နွေးထွေးသော အငွေ့အသက်တစ်ချို့ ကျန်ရစ်ခဲ့လျှက်။

သမားတော်ကြီးက သူ့လက်ထဲသို့ လိမ်းဆေးတစ်ချို့ဆက်သ လာသည်။

"အဆိပ်က အရမ်းပြင်းတော့
နောက် ၂ရက်အထိ
အဆိပ်ဖြေဆေးကို တိုက်ရပါမယ်အရှင်"

"ကောင်းပြီသမားတော်ကြီး
ကျုပ်နားလည်ပြီ.."

""..."

"အနားမှာဘယ်သူရှိလဲဟေ့ "

"ကျွန်တော်မျိုးရှိကြောင်းပါ "

သမားတော်ကြီးအား ပြောရင်း အပြင်က လူတစ်ယောက်ကိုလဲ လှမ်းခေါ်လိုက်သည့်အခါ တာဝန်ကျ ရဲမက်က ပြန်ဖြေလာသည်။

"သမားတော်ကြီးကို ပြန်ပို့လိုက်ဦးမောင်မင်း
ပြီးရင် ရဲဒိပ္ပကို ကျုပ်ဆီလာဖို့
ပြောလိုက်ချေ"

"အမိန့်အတိုင်းပါ အရှင်"

တာဝန်ကျ ရဲမက်က သမားတော်ကြီးကို ပြန်လိုက်ပို့သည့်။စဝ်ခွန်သလဲ ဘေးနားမှာ ခစားနေတဲ့ အစေခံမိန်းမငယ်တို့ကို ထွက်သွားဖို့အမိန့်ပေးပြီး ကောင်ငယ်လေး အနား၌ ကိုယ်တိုင်စောင့်ပေးနေမိ၏။

အင်းဝခေတ်က ကညာပျို  ♡. 🍵 [ COMPLETE ]Where stories live. Discover now