⛩️Final⛩️

11.8K 809 195
                                    

အင်းဝခေတ်က ကညာပျို
ဇာတ်သိမ်းပိုင်း ။

ပင်လယ်ပြင်သည် အဆုံးမဲ့။

ရေလှိုင်းတို့ဖြင့်မငြိမ်သက်သောရေပြင်​၌ လရိပ်သည်မပီပြင်။လေငြိမ်နေသည်ဖြစ်ရာ ကျောက်ဆောင်များသို့ပြေးရိုက်လိုက်သောရေသံမှလွဲ၍အခြားမရှိ။

အဖြူရောင်သဲပြင်သို့ပြေးကပ်လာသည့် ရေလှိုင်းလေးတို့သည်ကား စိမ်းပြာရောင်။

ကမ်းခြေတစ်လျှောက် လင်းလက်နေသည့် ပန်းရောင်ဖျော့ဖျော့ အရာကလေးများအပြင် ရေလှိုင်းနှင့်အတူပါလာသော ကြယ်ငါးနှင့် ယောက်သွားဖွေးဖွေးလေးတို့ကိုပါ တွဲမြင်ရ၏။အလင်းရောင်ပြပြထွက်နေသည့် အရာကလေးများမှာ အခြားမဟုတ်။အလင်းခရုလေးများဖြစ်သည်။

ပန်းနုရောင်သလင်းလေးများကဲ့သို့ တစ်လက်လက်တောက်ပနေသော ခရုလေးများအားကောက်ရန်ရတုလက်လှမ်းလိုက်သည်။ထိမိခါနီးအချိန်၌ ခရုလေးသည်သဲထဲသို့တိုးဝင်ပျောက်ကွယ်သွားလေ၏။မကျေနပ်နိုင်စွာ တစ်ကောင်ပြီး တစ်ကောင် လိုက်၍ဖမ်းသည်။

ခရုလေးများသည်လည်း တစ်​ကောင်ပြီးတစ်ကောင် လျှင်လျှင်မြန်မြန်ပင်သဲထဲတိုးဝင်ပြန်၏။အလင်းခရုလေးများအားလုံး သဲထဲတိုးဝင်သွားသည့်အခါ အလင်းရောင်ပြပြထွက်နေသော ကမ်းခြေမှာ အရောင်မှိန်လို့သွား၏။

အနောက်ပါးဆီမှ သဘောကျနှစ်ခြိုက်စွာရယ်မောနေအသံကိုကြားရသည်။မကျေမနပ်ဖြင့်ရတုလှည့်ကြည့်လိုက်လျှင် လက်ပိုက်ကာ သူ့အားကြည့်လျှက်ရယ်မောနေသူက စစ်ခွန်သ။

" ခင်ဗျားက ရယ်တယ်ပေါ့လေ "

မိုက်ကန်းကန်းကြည့်ရင်း ရတုဆိုသည်။ဝိုင်းကူမဖမ်းပါပဲ ရယ်မောနေသူအား မကျေနပ်နိုင်။

" ရတုက ချစ်စရာကောင်းလွန်းပ "

အပူအပင်ကင်းကင်းရှိနေသည့်ရတု၏ ပုံရိပ်လေးက စဝ်ခွန်သအားအတိုင်းအဆမဲ့ စိတ်အေးချမ်းစေသည်။ခြေဝရှံ့ဘောင်းဘီအား ခြေသလုံးအလယ်ထိဆွဲတင်ကာ ကုန်းကုန်းကွကွဖြင့် ခရုဖမ်းနေပုံကချစ်စဖွယ်။

အလင်းခရုလေးများမှာ စက္ကရနဝပြည်၏ ကမ်းခြေတွင်နေထိုင်ကြသည့် မှင်စာတစ်မျိုးဖြစ်သည်။ညအခါတွင်သာထွက်လာတတ်၏။ကိုယ်ရောင်ကိုယ်ဝါတောက်ပသည်။
ကလေးများအားချစ်တတ်လေ့ရှိသည်။သို့သော် ဘယ်သောအခါမှ အကိုင်ခံလေ့မရှိ။

အင်းဝခေတ်က ကညာပျို  ♡. 🍵 [ COMPLETE ]Where stories live. Discover now