⛩️(4)𝒁𝒂𝒘𝒈𝒚𝒊⛩️

Start from the beginning
                                    

"မြို့စားအရှင်"

သမားတော်ကြီးက သူ့ခြေရင်းနား ဒူးတုပ်ခစားရင်း မျက်နှာမသာမယာရှိနေသည်မို့ စဝ်ခွန်သ စိုးရိမ်စိတ်တို့မှာ အခေါင်အထွဋ်သို့ ထိုးတက်သွားသည် ။

"မြန်မြန်​လျောက်တင်စေ သမားတော်ကြီး
ဒီကလေးငယ်ရဲ့ ဒဏ်ရာဘယ်နှယ့်လဲ
စိုးရိမ်ရသလား"

"မှန်လှပါ ဒဏ်ရာကအတော်ပြင်းလှပါတယ်"

{အလိုလေး...}

စဝ်ခွန်သမှာ နှုတ်မှယောင်ရမ်းကာ အလိုလေးဟု ထွက်သွားမတတ်။ထိုအကြောင်းကိုတွေးလေ
မိမိအစားဓားဝင်ခံပေးခဲ့သော ကောင်လေး၏ ပုံရိပ်က ပြန်၍ ပေါ်လာလေမို့ အသုံးမကျလိုက်လေခြင်းဟု ကိုယ့်ကိုကိုယ် ထပ်ခါတစ်လဲလဲသာ အပြစ်တင်မိ၏။ မိမိလုပ်ခဲ့လုပ်ရပ်များသည် စေ့စပ်သေချာမှုအပြည့်ပင် သို့သော် ပေါ့လျော့မိခဲ့သော ထိုတစ်နေ့သည် တစ်ပါးသူအား အသက်ဆုံးလုနီးနီး ဖြစ်စေခဲ့၏။

"သမားတော်ကြီးအကောင်းဆုံးကြိုးစားပေးပါ
ကျုပ်တစ်သက် ကျေးဇူးမမေ့ပါဘူး"

စိုးရိမ်စိတ်ပြင်းပြစွာ သမားတော်လက်ကို ဆုပ်ကိုင်ရင်း ပြောနေသည်။ သမားတော်ကြီး သက်ပျင်းသာချရ၏။ သူမတတ်နိုင်တာမဟုတ်သော်လည်း
ခက်ခဲလှသည်က အဆိပ်ပင်။

"စိုးရွံ့မိပါတယ် အရှင်
ဒီသူငယ်လေးက
အဆိပ်လဲမိထားပါသေးတယ်
သူ့အဆိပ်ကို အရင်ဖြေပြီးမှ
ကျွန်တော်မျိုးလဲ ကုသလို့ရပါမယ်"

ကြားလိုက်ရသည့် စကားကြောင့် စဝ်ခွန်သ မျက်ခုံးတို့က အလွန်အမင်းတွန့်ချိုးသွားသည်။

"အဆိပ်မိထားတယ် ဟုတ်စ"

"ဟုတ်မှန်ကြောင်းပါ "

တစ်စတစ်စ ခက်ထန်လာသော စဝ်ခွန်သကိုကြည့်ရင်း သမားတော်ကြီးမှာ မော်တောင်မကြည့်ရဲတော့ချေ။
စဝ်ခွန်သ တံခါးကိုအသာအယာဖွင့်ကာ
အိပ်ဆောင်ထဲကြည့်လိုက်သည်။ ကုတင်ပေါ်တွင်
ခန္ဓာကိုယ်အပေါ်ပိုင်း၌ ပတ်တီးစည်းထားသော အမျိုးသားငယ်တစ်ဦး။

အတိအကျပြောရရင် သူ့နှလုံးသားအားလှုပ်ခတ်သွားစေသည့် ကညာပျို။

အင်းဝခေတ်က ကညာပျို  ♡. 🍵 [ COMPLETE ]Where stories live. Discover now