လော့လင်းရှန်းက သူ့လည်ပင်းကို ပွတ်သပ်ပေးလိုက်ရင်း အပြုံးလေးနဲ့ မေးလိုက်သည်။

"ကိုယ့်ကို မမှတ်မိတော့ဘူးလား?"

ရှီယွင်နန်ကလည်း သူ့အနားကပ်ကာ အမြန်နမ်းလိုက်သည်။ သူ့မှာ မရယ်ဘဲ မနေနိုင်တော့။ "ခင်ဗျား ဒိုရေမွန်ဆီကများ တံခါးငှါးထားတာလား? အရင်နှစ်ရက် ဖုန်းပြောတုန်းကတော့ ကျွန်တော်ပြန်လာမှာကိုညအိမ်မှာ စောင့်နေမယ်ဆို?"

လော့လင်းရှန်းကတော့ အနမ်းတိုလေးကြောင့် ကျေနပ်သွားပြီး ဒီခရီးက အလဟသမဖြစ်မှန်း ခံစားမိလိုက်သည်။ "မင်း အလုပ်ကိုလည်း မနှောင့်ယှက်ချင်လို့၊ ကိုယ်တို့နှစ်ယောက် အတူတူဖြတ်သန်းလို့ရတဲ့ အချိန်တွေကိုလည်း အလဟသမဖြစ်စေချင်လို့ပါ။"

ပထမအဆင့် ပြန်နလန်ထလေ့ကျင့်ခန်းများပြီးသွားတာမို့ အနားယူဖို့ ဆယ်ရက်သာ အချိန်ရလေသည်။

ရှီယွင်နန်က ဖုမြို့တော်တွင် နောက်ထပ်တစ်ပတ်ဆက်နေဖို့ စီစဉ်ထားတာကြောင့်၊ လော့လင်းရှန်း အင်ပါယာမြို့တော်ရောက်သည်နှင့် ပထမဆုံးလုပ်သည့်အရာမှာ ဖုမြို့တော်ဆီလာမယ့် လေယာဉ်လက်မှတ်ဝယ်ခြင်းပင်။

"မင်းက ရွှေငါးလေးကို အလိုလိုက်ထားတော့ ကိုယ်လည်း သူ့ကို ခေါ်လာရတော့တာပေါ့"

တူဝရီးနှစ်ယောက်၏ ခရီးစဉ်မှာ ရှီယွင်နန်တို့ထက်နာရီဝက်ပိုစောတာကြောင့် သူတို့က ဒီနေရာမှာ စောင့်ဆိုင်းနေခြင်းဖြစ်သည်။

ရှီယွင်နန်မှာတော့ 'ရွှေငါးလေး' ဆိုသည့်နာမည်ကြားမှ သူလျစ်လျူရှူလိုက်မိသည့် သူ့တူလေးကို သတိရသွား၏။

သူ အမြန်လှည့်ကြည့်လိုက်တော့ ရွှေငါးလေးက နှုတ်ခမ်းလေးကို ထော်ထားပြီး ရှုံမဲ့နေသည့် မျက်နှာလေးဖြင့် ပြောလာသည်။ "ဟမ့်! ရှောင်ရှုရှုက ရှုရှုကိုပဲ ကြိုက်တယ်၊ သားကို မချစ်တော့ဘူးပဲ!"

ရှီယွင်နန် ဘာပြန်ပြောရမှန်း မသိဖြစ်သွားပြီး သူ့အား အမြန် ကောက်ချီလိုက်သည်။ "မဟုတ်ပါဘူးကွာ။ ဒီနှစ်ရက်အတွင်း ရွှေငါးလေးကိုသာ အလွမ်းဆုံးပဲ။"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now