"ဘာလည်းငြိုငြင်နေပြီလားမသော်''

"အမလေးမငြိုငြင်ရပါဘူးနော် နင်မလာလဲဒီဆိုင်ကရှယ်ယာတွေငါအကုန်ယူပစ်မှာပေါ့ ဟားဟား''

လူယုတ်မာအပြုံးနဲ့ ရယ်ကျဲကျဲပြောလာသောသူငယ်ချင်းမီမီသော်ရဲ့ စကား ကြောင့် မေတ္တာမို့မိလိုက်ပါသည်
ဒီဆိုင်လေးက မိသော်ရယ်ကျမရယ်ပြီးတော့ တေဇမာန်ရယ် သူငယ်ချင်းတွေ အတူတူပူးပေါင်းပြီ ဖွင့်ထားတဲ့ ဂိမ်းဆိုင်ကြီးပေါ့

ဟုတ်ပါတယ်ကျမကရှင်တို့ထင်သလို နုနုရွရွမိန်းကလေးတယောက်မဟုတ်ပါဘူး ကျမရဲ့နူးညံမှုတွေ သိမ်မွေ့မှုတွေက မောင်ဆိုတဲ့ ထိုလူသားအတွက်ပဲ

" သွန်း! ဒီနေ့တော့ဆိုင်ကိုလာပြီပေါ့ ''

တေဇရဲ့အသံကြောင့် သွန်းဆက်မြိုင်ဆိုင်အပြင်ဝကို အကြည့်လွဲမိလိုက်ပါသည်

" လာရမှာပေါ့ ဒီညrankတက်ကြတော့မယ်မလား ''

"ဪမသိပါဘူး မောင့်ရဲ့နူးညံသိမ်မွေ့တဲ့ အိမ်ရှင်မလေးလုပ်နေပြီး မေ့နေပြီတောင်ထင်တာ''

တေဇမာန်က ရှုပ်မဲ့ပြီး သွန်းဆက်မြိုင်ကိုစနေလေသည် မီမီသော်ကတော့ အူပြတ်မတက်အသံပြဲကြီးဖြင့်ရီနေလေရဲ့

"ဘာ ဘာတဲ့မောင့်ရဲ့နူးညံတဲ့အိမ်ရှင်မတဲ့ဟယ် ခွီးးးး''

ပြောရင်းနဲ့လူကိုတဖျတ်ဖျတ်နဲ့ လာရိုက်နေသော မိသော်ကို သွန်းဆက်မြိုင် မျက်နှာတည်နဲ့ပြုံးပြလိုက်တော့သည်

"အဟမ်း မကြိုက်ရင်လဲမစတော့ပါဘူး အဲ့အပြုံးကြီးနဲ့မပြုံးစမ်းပါနဲ့ နင့်အဲ့အပြုံးကိုသာနင့်ရဲ့မောင် မြင်သွားရင်သွေးတက်ပြီး မေ့လဲသွားအုံးမယ်''

"အဲ့အပြုံးကနင်တို့အတွက် သီးသန့်''
သွန်းဆက်မြိုင်ပြောရင်း ထိုအပြုံးကြီးကိုထပ်ပြုံးထားလျက်

တေဇမာန်နှင့်မီမီသော် သွန်းဆက်မြိုင်ရဲ့အပြုံးကြီးကြောင့် ကျောချမ်းလာပြီး နေရထိုင်ရမအီမသာဖြစ်လာတော့သည်

"တော်ပါတော့ မပြုံးပါနဲ့တော့ နင့်ကိုmidwayပေးမယ်လေနော်''

မီမီသော်ရဲ့စကားကြောင့် သွန်းဆက်ပြုံးနေတာကြီးကိုရပ်လိုက်ပြီး တောက်ပသောမျက်လုံးလေးများဖြင့်မီမီသော်ကို ကြည့်လိုက်ပြန်သည်

မြတ်နိုး၍ချစ်ခဲ့ရပါသည် သို့သော်...Where stories live. Discover now