Mystery makes me crazy🚨

Start from the beginning
                                    

သူ့ကျိန်ဆဲမှုကို ဟုမ်းက အမြင်ကပ်စဖွယ်ခပ်ဟဟရယ်ရင်း

"ဘာမဆို ပြင်ဆင်မှုရှိတာအကောင်းဆုံးမလား ဗိုလ်မှူး"

.....................

မော်ရီအာတီအိမ်တော်

"လူးဝစ်ကဘယ်ပျောက်သွားတာတုန်း"

မိုရမ်ကမျက်မှောင်ကြုံ့ရင်း ဘီလီကိုမေးတော့
အလုပ်ကိစ္စကြောင့်အဲလ်ဘတ်နဲ့ ထွက်သွားတာဖြစ်ပြီး မနက်ဖြန်မှပြန်ရောက်မှာဖြစ်ကြောင်း၊ ရှားလော့ဟုမ်းကိုလည်း သူမရှိခင်မှာသေချာစောင့်ကြည့်ရန်မှာခဲ့ကြောင်းပြန်ပြောတယ်။

"ကျုပ်ထင်တဲ့အတိုင်းပဲ"

ရှားလော့ဟုမ်းက ဘီလီရဲ့စကားကို ကြားပြီးတဲ့နောက်မှာ ဒီလိုပြန်ဖြေတော့မိုရမ်စိတ်ထဲပိုမိုပြီးအထင်ကြီးသထက်ကြီးလာတယ်။

ဟုမ်း မင်းစောက်ရမ်းcoolတယ်
(မိုရမ်စိတ်ထဲကပြောနေခြင်း)

"အဲ့တော့ အခုအိမ်မှာတစ်ယောက်တည်းကျန်ခဲ့တဲ့သခင်လေးကို ကိုယ်ဖိရင်ဖိစောင့်ရှောက်ပေးရမှာက ငါ့ရဲ့တာဝန်ပေါ့"

ဟုမ်းက မိုရမ်ကိုမျက်စပစ်ရင်း စနောက်လိုက်တဲ့အခါမှာ မိုရမ်က သူ့ကိုခြေထောက်ဖြင့်လှမ်းကန်တယ်။ဒါပေမယ့်
အဲ့ဒီလိုဖြစ်လာမှာကိုကြိုသိနေတဲ့ဟုမ်းက ပါးနပ်စွာရှောင်ရင်းနောက်ကိုဆုတ်လိုက်တယ်။

အဟားဟား ကျုပ်ကစတာပါ မိုရမ်ရေ

"ခွေးကောင် လူးဝစ်မသတ်ခင်ငါမင်းကိုအရင်သတ်မိလိမ့်မယ်"

"အဟက် ခင်ဗျားလုပ်နိုင်ရင်ပေါ့"

.....................

ခဏအကြာ.....

ယခုဆိုရင်တော့

ဒုတိယအထပ်သို့လိုက်ပို့နေသော ဘီလီနဲ့မိုရမ်နဲ့ ရှားလော့ကိုတွေ့နိုင်မည်ဖြစ်လေ၏။

ရှားလော့ဟုမ်းနဲ့မိုရမ်ကထုံးစံအတိုင်း ရှေ့ဆုံးကနေဦးဆောင်သွားလျက်ရှိပြီး ကလေးတွေအငြင်းပွားနေတယ်။

နောက်ကမီးအိမ်လေးကိုင်လာရတဲ့ဘီလီကတော့သက်ပြင်းသာချနေမိတော့တယ်။

ဒါနဲ့ဟုမ်း.... မင်းနဲ့ဝီလီယမ်....ဘယ်အဆင့်ထိရောက်နေပီလဲ

"အဟွတ်.. အဟွတ်

ရာဇဝတ်အရှင်Where stories live. Discover now