"ပြင်စရာရှိရင် အချိန်မရွေးဆက်သွယ်လို့ရပါတယ်။" ရှီယွင်နန်က သူ့အား ထိုင်ရန် ပြောလိုက်လေသည်။

ကျန်းကောကလည်း အပြုံးလေးနဲ့ ပြန်ပြောလာသည်။ "ပြောင်းစရာမလိုပါဘူးဗျာ။ ကျွန်တော်က စိတ်ကြမ်းလူကြမ်းဆိုတော့ ဒါတွေသိပ်နားမလည်ပေမယ့် ကျွန်တော့မိန်းမက အရမ်းသဘောကျနေတာ။"

ကျောက်စိမ်းပုံစံမှာတူသော်လည်း၊ ရှီယွင်နန်ဆက်ပြီး ပြောင်းထားသည်မှာ ထူးခြားပြီး ပိုတန်ဖိုးကြီးပုံပေါက်သည်။

ကျန်းယန်၏ဇနီး ထိုဒီဇိုင်းကိုမြင်သည့်အခါ သူမအရမ်းသဘောကျပြီး ပစ္စည်းရဖို့ကိုတောင် မစောင့်နိုင်တော့ချေ။ နောက် သူမ ပိုက်ဆံတွေစုမိလာရင် လေလံပွဲတွေမသွားဘဲ စတူဒီယိုကိုသာလာပြီး သီးသန့်အော်ဒါမှာမယ်လို့တောင် ပြောခဲ့သည်။

ယွမ်ရွေ့ကတော့ သူ့သူငယ်ချင်းအတွက် အရမ်းဂုဏ်ယူနေ၏။ "ဟုတ်တယ် ကျန်းကော ယွင်နန်ဒီဇိုင်းတွေက ဒီနယ်ပယ်မှာဆို လုံးဝထိပ်မှာပဲ။"

ရှီယွင်နန်က မနိုင်ဘူးဆိုတဲ့ ပုံစံလေးနဲ့ ပြန်ပြောလိုက်၏။ "တော်ရုံပဲပြောပါကွာ၊ ဘယ်ဒီဇိုင်းနာက ဒီလိုပြောထွက်ရဲမှာလဲ?"

"ဒီဇိုင်းနာရှီက နှိမ့်ချလွန်းနေပါပြီ။" ကျန်းယန်က ပြုံးကာ စီးပွါးရေးကိစ္စအကြောင်း အရင်မေးလိုက်သည်။ "ဘော့စ်ယွမ်ဆီကကြားတာတော့ လင်းယွီကိစ္စကြောင့် ခေါ်လိုက်တာဆို"

ရှီယွင်နန် ခေါင်းညိတ်ပြလိုက်ပြီး၊ မနက်က ပြင်ဆင်ထားသည့် စာရွက်စာတမ်းတွေကို ကျန်းယန်ရှေ့မှာ ချထားပေးလိုက်သည်။ "ဒီကိစ္စကို ထဲထဲဝင်ဝင် စုံစမ်းဖို့ တစ်ယောက်ယောက်ကို လွှတ်ထားပြီးသားပါ။  ဒီလို အတုနဲ့အစစ်ရောထားတဲ့ လေလံပစ္စည်းက တစ်ခုမကလောက်ဘူး။ ကျန်းကောတစ်ယောက်တည်း လိမ်ခံရတာ မဟုတ်ပါဘူး။"

ကျန်းယန် မျက်မှောင်ကြုတ်လိုက်မိ၏။ ဒီကိစ္စကို ပြောတိုင်း သူဒေါသထွက်မိတုန်းပင်။

သူတို့မှာ လုံ့လ၊ ကြိုးစားအားထုတ်မှုအပေါ် မှီခိုကာ ငွေရှာခဲ့ရသည်။ ရွှေဇွန်း ကိုက်မွေးလာတဲ့ သူဌေးကြီးတွေရဲ့ စည်းစိမ်နဲ့တော့ ယှဉ်လို့မရပေမယ့် ဒီသန်းပေါင်းများစွာဟာ သူတို့ခက်ခက်ခဲခဲ စုဆောင်းထားခဲ့ရသည့် ငွေများဖြစ်သည်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now